ၾသစေၾတးလ် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ လာမည်
DVB
·
June 30, 2014
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စ ဂျူလီ ဘစ်ရှော့ပ်ဟာ ခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်လာရောက်လည်ပတ်မယ်လို့ သူ့ရဲ့ဝက်ဆိုက်မှာ ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။
ပညာရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ အမျိုးသမီးတွေရဲ့ စွမ်းရည်မြှင့်တင်ရေး ကိစ္စတွေဟာ သူ့ရဲ့ ခရီးစဉ်အတွင်း အဓိက ဦးစားပေးဆောင်ရွက်မယ့် အကြောင်း အရာတွေ ဖြစ်တယ်လို့ မစ္စဂျူလီဘစ်ရှော့ပ်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။
ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နဲ့အစိုးရအဖွဲ့ဝင်တွေအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ဆောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမှာဖြစ်ပြီး မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေနဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားမှုတွေကို သြစတြေးလျက ထောက်ခံအားပေးသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ခရီးစဉ်အတွင်း သြစတြေးလျ စီးပွားရေးသမားတွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံအစိုးရတွေအနေနဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဆောင်ရွုက်မယ့် အရာတွေကို ဆွေးနွေးသွားကြဖို့ ရှိနေပါတယ်။
တိုင်းရင်းသားအရေးနဲ့ အုပ်စုဖွဲ့ မငြိမ်မသက်မှုတွေကို ငြိမ်းချမ်းစွာအဖြေရှာဖို့ အထူးသဖြင့် ရခိုင်ပြည်နယ်က လုံခြုံရေးပြဿ နာနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စတွေကိုလည်း ပြောဆိုသွားမယ်လို့ ဆိုပါတယ်။