A d v e r t i s e m e n t With Us

အခြားနိုင်ငံများကို အင်အားအသုံးပြု ကျုးကျော်မည်မဟုတ်ဟု တရုတ်ပြော

တရုတ်သမ္မတ Xi Jinping က တရုတ်နိုင်ငံရဲ့ အင်အားထောင့်တင်းလာမှုကို အသုံးချပြီး တခြားနိုင်ငံတွေအပေါ် ကျူးကျော်အနိုင့်ကျင့်မှုမျိုး ဘယ်တော့မှ လုပ်ဆောင်မှာမဟုတ်ဘူးလို့ ပြောဆိုပါတယ်။ xi_2458736bအိန္ဒိယနိုင်ငံ၊ မြန် မာနိုင်ငံတို့နဲ့ ချုပ်ဆိုထားတဲ့ နိုင်ငံမကျူးကျော်ရေး၊ ၀င်ရောက်မစွက်ဖက်ရေး စာချုပ် အနှစ် ၆၀ ပြည့် အခမ်းအနားမှာ တရုတ်သမ္မတက အခုလို ပြောဆို ခဲ့တာဖြစ်ပါတယ်။ အင်အားနဲ့ တခြားနိုင်ငံတွေအပေါ် လွှမ်းမိုးချုပ်ကိုင်မှုအယူအဆကို တရုတ်နိုင်ငံက လက်ကိုင်မထားဘဲ တရုတ်လူမျိုးတွေရဲ့ ဗီဇလည်းမဟုတ်ဘူးလို့ ပြောပါတယ်။ အဲ့ဒီအယူအဆဟာ ခေတ်ဟောင်းမှာ ကျန်ခဲ့ပြီဖြစ်ပြီး အဲ့လိုကြိုးစားမှုမျိုးဟာလည်း ကျဆုံးမှာဖြစ်တယ်လို့ ပြောဆိုပါတယ်။ တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့လတွေအတွင်း တောင်တရုတ်ပင်လယ်မှာ ဗီယက်နမ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ အရှေ့တရုတ်ပင်လယ်မှာ ဂျပန်နိုင်ငံနဲ့ နယ်မြေအငြင်းပွားမှုတွေ ဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ စစ်ရေးအသုံးစရိတ် တနှစ်နဲ့တနှစ်တိုးမြင့်လာခဲ့ပြီး အိမ်နီးချင်းနိုင်ငံတွေမှာ နယ်မြေချဲ့ထွင်မှုတွေ၊ လွှမ်းမိုးချုပ်ကိုင်မှုတွေ ပြုလုပ်ခဲ့တာကြောင့် တရုတ်နိုင်ငံရဲ့ အပြောနဲ့ အလုပ် ညီမညီ အမေရိကန်နိုင်ငံက စောင့်ကြည့်နေတာလည်းဖြစ်ပါတယ်။ တရုတ်သမ္မတက အာရှပစိဖိတ်ဒေသလုံခြုံရေး ပုံစံသစ်ကို ဖော်ဆောင်နေတာလို့ ဆိုပေမယ့် အမေရိကန်နိုင်ငံရဲ့ အာရှတိုက်ပေါ် သြဇာလွှမ်းမိုးမှုကို တရုတ်နိုင်ငံက ချိန်ခွင်လျှာညှိဖို့ ကြိုးစားနေတာလို့ နိုင်ငံရေးကျွမ်းကျင်သူတွေက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up