စက်ဘီးစီးနင်းသူများ ဘေးကင်းရေး မော်စကိုမြို့တွင် ဆင်နွှဲ

ရုရှားနိုင်ငံ မြို့တော် မော်စကိုမှာ စက်ဘီးသမား အယောက် ၃ သောင်းလောက် ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့က စုဝေးခဲ့ပြီး မြို့တွင်း စက်ဘီးစီးနင်းမှုဓလေ့နဲ့  မြို့တွင်းလမ်းတွေပေါ်မှာ စက်ဘီးစီးသူများ ဘေးကင်းရေးအသိ တိုးမြှင့်ရေး ပါဝင်ဆင်နွှဲပါတယ်။ cyclists flock to Moscowစက်ဘီးစီးတာဟာ မော်စ ကိုရဲ့ လူကြိုက်များတဲ့ အားကစား ဖြစ်ပြီး မော်စ ကိုရဲ့ နာမည်ဆိုး နဲ့ ကျော်ကြားတဲ့ ယာဉ်ကြောပိတ်ဆို့မှု ကို နေ့စဉ် ညှိနှိုင်းဖို့ ကြိုးစားတဲ့သူတွေ ပိုများလာနေပါတယ်။ စက်ဘီးစီးသူ ကာတီယာက “ကားမောင်းသူတွေကို ပြချင်တယ်။ ကျမတို့မှာလည်း လမ်းတွေကို သုံးဖို့ အခွင့်အရေး ရှိတယ်” လို့ ပြောပါတယ်။ ရုရှားအစိုးရစာရင်းအင်းတွေအရ မော်စကိုမှာ စက်ဘီး ၃ သန်းကျော်ရှိ တယ်လို့ဆိုပါတယ်။ ဒါပေမယ့် ပထမဆုံး စက်ဘီးစီးနိုင်တဲ့လမ်းကို ၂၀၁၁ ခုနှစ်ကမှ သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဇွန် ၂၉ ရက်နေ့ စက်ဘီးစီးလှုပ်ရှားမှုဟာ မော်စကိုမှာ ပိုကောင်းတဲ့ မြို့ပြအခြေခံတွေ လိုနေသေးကြောင်း အာရုံစိုက်မိအောင် လုပ်တာလို့ စက်ဘီးစီးသူနောက်တယောက်က ပြောပါတယ်။ ရုရှားအစိုးရကတော့ ၂၀၁၄ မေလကုန်ထိ မော်စကိုမှာ စက်ဘီးစီးနိုင်တဲ့လမ်းပေါင်း ၁၄၆ ကီလိုမီတာကျော် စီစဉ်ပေးခဲ့ပြီး ဒီနှစ်ကုန်ပိုင်းမှာ ၁၃၆ ကီလိုမီတာ ထပ်ချဲ့သွားမယ်လို့ ပြောတဲ့အတွက် စက်ဘီးသမားတွေကလဲ ဒီအစီအစဉ်ကို ကြိုဆိုခဲ့ကြပါတယ်။ ၂၀၁၃ခုနှစ်မှာ မော်စကိုဟာ ပဲရစ်နဲ့ လန်ဒန်မြို့တွေက မြို့လယ်မှာ စက်ဘီးငှားတဲ့စနစ်ကို ယူသုံးခဲ့ပါတယ်။ ခုတော့ မော်စကိုက စက်ဘီးငှားဌာန ၁၅၀ ကျော်မှာ စည်ပင်စက်ဘီး အစီးရေ ၂၅၀၀ ကို မြို့ခံတွေနဲ့ ကမ္ဘာ့လှည့်ခရီးသည်တွေ ငှားရမ်း စီးနင်းနိုင်ပါပြီ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up