ချေးငွေ အာမခံ ထားပြီး ငွေချေးနိုင်တော့မည်
DVB
·
June 30, 2014

မြန်မာနိုင်ငံထဲက အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေအနေနဲ့ ချေးငွေ မရတာ၊ ရပေမယ့် အပေါင်ခံပစ္စည်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းလောက်ပဲ ရတာ စတဲ့ ပြဿ နာတွေကို တစိတ်တပိုင်း ဖြေရှင်းပေးနိုင်ဖို့အတွက် လာမယ့် ဇူလိုင်လဆန်းက စပြီး ချေးငွေ အာမခံတွေ ရောင်းချပေးတော့မယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောပါတယ်။
ဇွန် ၂၇ ရက်နေ့က ရန်ကုန်မှာ လုပ် တဲ့ ချေးငွေအာမခံဆိုင် ရာ သတင်းစာ ရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက် တာပါ။
ဘဏ်မှာ ငွေချေးလိုတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ ပထမအဆင့် ချေးငွေ အာမခံတွေကို အရင်ဦးဆုံး ၀ယ်ယူရမှာ ဖြစ်ပါတယ်။
အပေါင်ပစ္စည်း မရှိတဲ့ လုပ်ငန်းရှင်တွေဟာ ပရီမီယံကြေးကို ပထမနှစ်အတွက် ၃ ကျပ်၊ ဒုတိယနှစ် ၂ ကျပ်၊ တတိယနှစ် ၁ ကျပ်နှုန်းပေးရမှာ ဖြစ်ပါတယ်။
အပေါင်ပစ္စည်းရှိတဲ့ လုပ်ငန်းရှင်တွေကတော့ ပရီမီယံကြေး ကျပ် ၁၀၀ ကို ပထမနှစ် ၂ ကျပ်၊ ဒုတိယ နှစ် ၁ ကျပ်ခွဲနဲ့ တတိယနှစ် ၁ ကျပ်နှုန်း ပေးရမှာ ဖြစ်ပါတယ်။
ဒီ ချေးငွေအာမခံကို ၀ယ်ယူပြီးသူတွေဟာ အသေးစားနဲ့ အလတ်စား စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်မှာ ငွေ ချေးယူနိုင်မယ်လို့ ပြည်ထောင်စုဒုဝန်ကြီးက ရှင်းပြပါတယ်။
