စစ်သွေးကြွ ပစ်မှတ်များကို အစ္စရေး လေကြောင်းဖြင့် ၆ ကြိမ်ခန့် တိုက်ခိုက်

အစ္စရေးတပ်တွေက ဂါဇာကမ်းမြှောင်ဒေသက စစ်သွေးကြွ ပစ်မှတ်တွေကို ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့က  လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၆ ကြိမ် တိုက်ခိုက်ခဲ့လို့ ဟားမတ်စ်အဖွဲ့က သေနတ်သမား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရတယ်လို့ ပါလက်စတိုင်း ဆေးတပ်ဖွဲ့က ပြောပါတယ်။ A Palestinian militant inspects crater caused by what police said was Israeli air strike in Khan Younis in southern Gaza Stripပါလက်စတိုင်းပိုင်နက်ထဲ ကနေ ဒုံးကျည် ၁ စီး ပစ်လွှတ်ခဲ့အပြီး အစ္စရေးက ခုလို တုံ့ပြန်ခဲ့တာပါ။ အစ္စရေးစစ်တပ်ကတော့ နယ်စပ်တလွှားက ဒုံးကျည်ပစ်လွှတ်ခဲ့တဲ့ ပါလက်စတိုင်းအုပ်စုကို ပစ်မှတ်ထား တာလို့ ပြောပါတယ်။ ဇွန် ၂၉ ရက်နေ့အစောပိုင်းက ဂါဇာက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် ၂ ခုကို အစ္စရေးရဲ့ အိုင်းယန်းဒွန်းမ် ဒုံးကျည်ကြားဖြတ် ကာကွယ်ရေးစနစ်နဲ့ ပစ်ချခဲ့ရတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဇွန် ၂၈ ရက်နေ့က ပစ်လွှတ်တဲ့ ဒုံးကျည်တွေကြောင့် အစ္စရေးတောင်ပိုင်းမြို့က စက်ရုံ မီးလောင်ခဲ့ပြီး လူ ၃ ဦး ဒဏ်ရာရတယ်လို့ အရာရှိတွေက ပြောပါတယ်။ အစ္စရေးလေကြောင်းတိုက်ခိုက်မှုတွေက ပစ်ခဲ့တဲ့ ပစ်မှတ်ထဲမှာ ဟားမတ်စ်တွေရဲ့ အစ္စလာမ်မစ် ဂျီဟတ်အဖွဲ့နဲ့ လူကြိုက်များနေတဲ့ ကာကွယ်ရေးကော်မတီတွေ ပါတယ်လို့ ပါလက်စတိုင်းအရာရှိတွေက ပြောပါတယ်။ ဇွန်လစကတည်းက ဂါဇာကမ်းမြှောင်က စစ်သွေးကြွတွေက အစ္စရေးကို အနည်းဆုံး ဒုံးကျည် ၆၂ လုံးနဲ့ ပစ်ခတ်ခဲ့လို့ လူတချို့ ဒဏ်ရာရတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဇွန်လအတွင်း ဂါဇာကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၈၀ ကျော် လုပ်ခဲ့ပြီး စစ်သွေးကြွ ၃ ဦး သေဆုံးပြီး ၁၂ ဦးကျော် ဒဏ်ရာရတယ်လို့ ပါလက်စတိုင်းအရာရှိတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up