သွေးလွန်တုပ်ကွေး အဖြစ်များမယ့်နှစ် (ဒေါက်တာမြင့်ဦးနှင့် ဆက်သွယ်မေးမြန်းချက်)
ရွှေအောင်
·
June 28, 2014
ပြည်တွင်းမှာပြုလုပ်ထားတဲ့ သုတေသနစစ်တမ်းတွေအရ ဒီနှစ်ဟာ သွေးလွန်တုပ်ကွေး အဖြစ်များမယ့် နှစ်ဖြစ်တယ်လို့ ရန်ကုန်မြို့က ဆရာဝန် ဒေါက်တာမြင့်ဦးက ပြောပါတယ်။
ရန်ကုန်တိုင်းထဲမှာဆို သာကေတ၊ လှိုင်သာယာ၊ အင်းစိန်နဲ့ ဒေါပုံမြို့နယ်တို့မှာ သွေးလွန်တုပ်ကွေး ရောဂါအဖြစ်များပြီး အခုနောက်ပိုင်း ကလေးတွေတင်မဟုတ် လူကြီးတွေလည်း သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားလာတာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။
အခုအချိန်မှာတော့ ရန်ကုန်အပါအ၀င် ဒေသအတော်များများမှာ လူအများစု တုပ်ကွေးရောဂါ ဖြစ်ပွားနေကြပြီး ကိုယ်ပိုင်ဆေးခန်းထိုင်တဲ့ ဆရာဝန်တွေ အရင်ထက် လူနာ ၄ - ၅ဆ ပိုကြည့်ပေးနေရတယ်လို့လည်း ဒေါက်တာမြင့်ဦးက ပြောပါတယ်။
ဒေါက်တာမြင့်ဦးကို ဒီဗွီဘီ ၀ိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။