ကျောက်မျက်ပွဲ လာသူ တ၀က်ကျော်လျော့

နေပြည်တော် ကျောက်စိမ်းပြပွဲတွင် တွေ့ရသော ကျောက်စိမ်းတုံးများ
794
[caption id="attachment_50614" align="alignright" width="300"]
ကျောက်စိမ်းပြပွဲတွင်တွေ့ရသော ကျောက်စိမ်းတုံးများ[/caption]နေပြည်တော်မှာ ကျင်းပနေတဲ့ ကျောက်မျက်ပြပွဲကို လာရောက်သူ ဦးရေဟာ အရင်နှစ်ကနဲ့ နှိုင်းယှဉ်ရင် တ၀က်ကျော်လောက် လျော့ကျသွားတယ်လို့ ပွဲကျင်းပရေး ကော်မတီ တာဝန်ရှိသူတဦးက ပြောပါတယ်။
အရင်နှစ်က ကုန်သည် စုစုပေါင်း ၉၀၀၀ ကျော် လာရောက်ခဲ့ပြီး ဒီနှစ်မှာတော့ ၅၀၀၀ တောင်မပြည့်ဘူးလို့ ဆိုပါတယ်။ ဒီအထဲမှာမှ တရုတ်ကုန်သည် ၄၀၀၀ ကျော်ပါပြီး အခြား ထိုင်း၊ စင်ကာပူ၊ ဂျပန် အပါအ၀င် နိုင်ငံခြားသား အယောက် ၁၀၀ တောင် မပြည့်ပါဘူး။
တရုတ်ကုန်သည်တွေ အလာများတဲ့အတွက် ပွဲတော် ရက်အတွင်း ဟောင်ကောင် အဲလိုင်း၊ China Eastern အဲလိုင်း၊ မကာအို အဲလိုင်း၊ China western အဲလိုင်းနဲ့ မြန်မာအဲဝေး အင်တာနေရှင်နယ်လိုင်းတို့ အထူးစင်းလုံးငှား ခရီးစဉ်တွေ ပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။
