Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဆွေးနွေးမှု ရလဒ်ကောင်းထွက်ရန် ကချင်စစ်ဘေးဒုက္ခသည်များ မျှော်လင့်
ထွန်းထွန်းသိန်း
·
June 27, 2014
ကချင်စစ်ဘေးဒုက္ခသည်တွေဟာ အစိုးရနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှု ရလဒ်ကောင်းထွက်ရေးနဲ့ နေရပ်ပြန်ရေးမျှော်လင့်နေကြ တယ်လို့ ဒေသခံ စစ်ဘေးကူညီရေး အဖွဲ့ ၉ ဖွဲ့က ဒီကနေ့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ [caption id="attachment_56026" align="alignright" width="300"]လဂါတ်ယန် ဒုက္ခသည်စခန်း (ဓာတ်ပုံ - အောင်ကျော်ဇော) လဂါတ်ယန် ဒုက္ခသည်စခန်း (ဓာတ်ပုံ - အောင်ကျော်ဇော)[/caption]ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဒေသခံ အရပ်ဘက်အဖွဲ့ ၉ ဖွဲ့က ဒီကနေ့ ရန်ကုန်မြို့မှာ ဆွေးနွေးညှိနှိုင်းပြောဆိုခဲ့တာပါ။ ဒီအဖွဲ့ ၉ ဖွဲ့ ပူးပေါင်းပြီးတော့ ကချင်ပြည်နယ်မှာ စစ်ပွဲတွေစတင်ဖြစ်ပွားတဲ့ ၂၀၁၁ ခုနှစ် ထဲက ကူညီခဲ့တာဖြစ်ပြီး သုံးနှစ်တာတွေ့ရှိချက်တွေကို သတင်းမီဒီယာတွေကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။ ဒီ အဖွဲ့ ၉ ဖွဲ့ရဲ့ ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ဝင် ဦးဂွမ်ရှာအောင်ကတော့ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်နေရတဲ့ ဒုက္ခသည်တွေအနေနဲ့ နေရပ်ကိုပြန်ချင်နေကြပြီး ဘေးကင်းလုံခြုံစွာ နေရပ်ပြန်ရေးနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက်လည်း ကူညီပံ့ပိုးပေးဖို့ လိုလားနေကြတယ်လို့ ပြောပါတယ်။ “နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေရသူတွေဟာ လက်ရှိငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုအပေါ်မှာ ရလဒ်ရောင်းတွေ ထွက်လာဖို့ရယ်၊ မိမိတို့ရဲ့ နေရပ်ကို ပြန်နိုင်ဖို့ကို မျှော်လင့်နေကြတာ ဖြစ်ပါတယ်။ ဘေးကင်းလုံခြုံစွာနေရပ်ကို ပြန်နိုင်ဖို့ဆိုရင် အသက်မွေးဝမ်းကြောင်း လုပ်ငန်းအတွက် အာမခံချက်ရရေး ကူညီပံ့ပိုးပေးဖို့ လိုအပ်တာ ဖြစ်ပါတယ်။” ဒီအဖွဲ့တွေဟာ ၃ နှစ်တာကာလ အတွင်းမှာ နေရပ်စွန့်ခွာပြောင်းရွှေ့ကြတဲ့ စခန်း ၁၄၈ ခုက ဒုက္ခသည် ၈ သောင်း ၉ ထောင်နီးပါးကို အမေရိကန်ဒေါ်လာ ၃၅ သန်းလောက် အကူအညီပေးခဲ့ပေမယ့် အမှန်တကယ်လိုအပ်ချက်ရဲ့ ထက်ဝက်တောင်မရှိတဲ့ ၃၉ ရာခိုင်နှုန်းသာ ပံ့ပိုးပေးနိုင်တယ်လို့လည်း အကူညီပေးရေးအဖွဲ့တွေက ပြောပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင်ကတော့ စစ်ဘေးဒုက္ခသည်တွေကို ပြီးခဲ့တဲ့နှစ်သြဂုတ်လထဲမှာ စားနပ်ရိက္ခာတန်ဖိုး ၅၁၈ သိန်းကျော် လှူဒါန်းခဲ့တယ်လို့ ပြောပါတယ်။ “သောင်းကျန်းသူများ ဘေးရန်ကြောင့် ထွက်ပြေးတိမ်းရှောင် ပြောင်းရွှေ့ကြသူများနဲ့ အခြား လုံခြုံသော ဒေသသို့ စုစည်းပြောင်းရွှေ့ရသော ပြည်သူများအား ထောက်ပံ့မှု ပေးခြင်းဆိုတဲ့ လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး မနှစ်က သြဂုတ်လမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ သွားရောက်ပြီးတော့ စားနပ်ရိက္ခာ အ၀တ်အထည်နဲ့ ဆေးဝါးများ အပါအ၀င် ၅၁၈ ဒသမ ၅ သိန်းဖိုးနဲ့ အမေရိကန်ဒေါ်လာ ၅၀၀ တို့လည်း သက်ဆိုင်သူများထံ ထောက်ပံ့ပေးခဲ့ပါတယ်။” စစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်ပေါင်း သိန်းချီရှိပြီး လက်ရှိ မိုးတွင်းကာလ ၀င်ရောက်လာတာကြောင့် နေထိုင်ဖို့နဲ့ အစားအစာ၊ အ၀တ်အထည်၊ ဆေးဝါးတွေ လိုအပ်နေတယ်လို့လည်း ဇွန်လဆန်းက သွားရောက်လျှုဒါန်းခဲ့သူတွေက ပြောကြားပါတယ်။ မြန်မာတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေအကြား ၂၀၁၁ ခုနှစ်ဇွန်လ ၉ ရက်နေ့က စတင်ကာ စစ်ပွဲများဖြစ်ပွားနေပြီး နှစ်ဖက် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ရှိနေတဲ့ကြားက အခုအချိန်အထိ မကြာခဏ ဆက်လက်ဖြစ်ပွားနေ တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024