DVB Logo
Home
မြန်မာသတင်း
ကေအန်ယူ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောတာမလာဘော ကွယ်လွန်
DVB
·
June 27, 2014
ကေအန်ယူ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောတာမလာဘော ကွယ်လွန်
1 / 2
Donate to DVB

မြန်မာအစိုးရအဆက်ဆက်ကို နှစ်ပေါင်းများစွာ လက်နက်ကိုင်တော်လှန်ခဲ့တဲ့  ကရင်အမျိုးသားအစည်းအရုံးရဲ့ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောတာမလာဘောဟာ  ဇွန် ၂၆ ရက်နေ့ ည ၉ နာရီကျော်က ထိုင်းနိုင်ငံ မဲ့စရီးယန်းမြို့မှာ  ကွယ်လွန်သွားပါတယ်။

[caption id="attachment_59234" align="alignright" width="300"]ဗိုလ်ချုပ်ကြီး တာမလာဘော (ဓာတ်ပုံ - KIC) ဗိုလ်ချုပ်ကြီး တာမလာဘော (ဓာတ်ပုံ - KIC)[/caption]

အသက် ၉၄ နှစ် အရွယ် ဗိုလ်ချုပ်ကြီး စောတာ မလာဘော ဟာ ဇွန် ၂၆ ရက်နေ့ ည ၉ နာရီ မိနစ် ၂၀ လောက်က မယ်ဟောင်ဆန်ခရိုင် မဲ့စရီးယန်းမြို့ရှိ နေ အိမ်မှာ လူကြီးရောဂါ နဲ့ ကွယ်လွန်သွားခဲ့ တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးစောတာ မလာဘောဟာ အင်္ဂလိပ်ကိုလို နီခေတ်က မြန်မာပြည် အင်္ဂလိပ် စစ်တပ်မှာ စစ်မှုထမ်းခဲ့ပြီး ၁၉၄၉ ခုနှစ်မှာ စတင်ခဲ့တဲ့  ကရင်တော်လှန်ရေးမှာ ပါဝင်ခဲ့ပါတယ်။

တော်လှန်ရေးစတင်ချိန်ကစပြီး ကွယ်လွန်ချိန်ထိ နှစ်ပေါင်း ၆၀ ကျော် တိုက်ပွဲဝင်ခဲ့သူ တယောက် ဖြစ်လို့ ကေအန်ယူအတွက် ဆုံးရှုံးမှုကြီးတရပ် ဖြစ်တယ်လို့  ကေအန်ယူ အတွင်းရေးမှူး ၂  ပဒိုမန်းမန်းက ပြောပါတယ်။

“ကျနော်တို့ ဥက္ကဋ္ဌဟောင်းဆိုပေမယ့်လည်း လက်ရှိ နိုင်ငံရေး ဖြစ်စဉ်အပေါ်မှာ မျက်ခြည်မပြတ် သူကြည့်နေတယ်။ အဲဒီအပေါ်မှာလည်း သူ့ဆီက အကြံအဥာဏ် အမြဲတမ်း ရယူခဲ့တယ်။ ဒီလိုမျိုး ဥက္ကဋ္ဌဟောင်းတယောက် ကွယ်လွန်သွားတာဟာ ကျနော်တို့ရဲ့ ဆုံးရှုံးမှုတရပ်ပါပဲ။ တာဝန်ထမ်းစဉ်ကလည်း မားမားမတ်မတ် ထမ်းဆောင်ခဲ့တာတင်မကဘဲ လက်ရှိမှာလည်း ဥက္ကဋ္ဌဟောင်းတယောက်အနေနဲ့ သူဆီက အကြံအဥာဏ်၊ အတွေးအခေါ်၊ ရှေ့အလားအလာ နိုင်ငံရေး၊ ဖြစ်နိုင်တဲ့ အခြေအနေတွေ သူ့ဆီက အများကြီး ရယူခဲ့တယ်။ ဒါကြောင့်မို့ ကျနော်တို့အတွက် ခေါင်းဆောင်ကောင်းတဦး ဆုံးရှုံးခြင်းပါပဲ။”

ကေအန်ယူရဲ့ အတွင်းရေးမှူး ၁ ပဒိုစောသောသီဘွဲကတော့ ဗိုလ်ချုပ်ကြီးစောတာမလာ ဘောဟာ မျိုးဆက်သစ်ခေါင်းဆောင်တွေကို ထိန်းကျောင်းနိုင်ခဲ့သူ  ဖြစ်တယ်လို့ ပြောပါတယ်။

“သေဆုံးသွားတဲ့အချိန်က သူက သက်ကြီးရွယ်အို အပိုင်းလည်း ရောက်နေပြီလေ။ သို့သော် ကျနော်တို့က သူ့ဆီက ဖြတ်သန်းခဲ့သမျှ တော်လှန်ရေးခရီးကို နောက်တက်လာတဲ့ မျိုးဆက်သစ်တွေအတွက် အများကြီး အကျိုးရှိခဲ့တယ်။ သူဟာ ခေါင်းဆောင်ကောင်း တပ်မတော်သားတယောက်ဖြစ်သလို ကျနော်တို့ မျိုးဆက်သစ်လူငယ်တွေ၊ အနာဂတ်လူငယ်တွေကို ပဲ့ပြင်ထိန်းကျောင်းခဲ့တာတွေ၊ တော်လှန်ရေးပီသတဲ့အတွေးအခေါ်မျိုးနဲ့ သွန်သင်ဆုံးမခဲ့တယ်။ သူ့ရဲ့လုပ်ဆောင်ချက်တွေ၊ သူပြောခဲ့သလို ကျနော်တို့ လုပ်ဆောင်တာပေါ့။”

ဗိုလ်ချုပ်ကြီး စောတာမလာဘောရဲ့ ဇနီး နော်ဖောကဝေါ်ကတော့  ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာ ကွယ်လွန်ခဲ့ပါတယ်။  ဗိုလ်ချုပ်ကြီး စောတာမလာဘော ကွယ်လွန်ချိန်မှာ သားသမီး ၈ ဦးနဲ့ မြေးမြစ်တွေ အများအပြား ကျန်ရစ်ခဲ့ပါတယ်။

ကေအန်ယူရဲ့ လက်ရှိ ဒုဥက္ကဋ္ဌနော်စီဖိုးရာစိန်၊ ကေအန်အယ်လ်အေ (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောဘိလပ်စိန်နဲ့ စစ်ဦးစီးမှူး ပထမတန်း ဗိုလ်မှူးချုပ် မဲအေစိန်တို့ဟာ ဗိုလ်ချုပ်ကြီး စောတာမလာဘောရဲ့ သားသမီးတွေ ဖြစ်ကြပါတယ်။

ဗိုလ်ချုပ်ကြီးစောတာမလာဘောမှာ မွေးချင်းမောင်နှမ ၂ ဦးရှိပြီး သူက အငယ် ဖြစ်ပါတယ်။ သူ့အစ်မကတော့ လက်ရှိ သြစတြေးလျမှာ နေထိုင်နေပါတယ်။

သူရဲ့ ဈာပနအတွက်တော့ ကရင်အမျိုးသားအစည်းအရုံး တာဝန်ရှိသူတွေက ဆွေးနွေးတိုင်ပင်နေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013