A d v e r t i s e m e n t With Us

ယူကရိန်းခွဲထွက်ရေးသမားတွေ နိုင်ငံတကာလေ့လာသူ ၄ ဦးကို ပြန်လွှတ်

ယူကရိန်းနိုင်ငံအရှေ့တောင်ဘက်က သူပုန်တွေက ၁ လကျော်ကြာ ဖမ်းဆီးထားတဲ့ နိုင်ငံတကာ လေ့လာသူ ၈ ယောက်ထဲက ၄ ယောက်ကို ဇွန် ၂၇ ရက် ဒီနေ့အစောပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပါတယ်။ Ukraineရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေက ယူကရိန်းအကျပ်အတည်းပြေလျော့ရေး စောင့်ကြည့်ဖို့ ရောက်နေတဲ့ ဂျီနီဗာအခြေစိုက် ဥရောပလုံခြုံရေးနဲ့ ငြိမ်းချမ်းရေးအဖွဲ့ (အိုအက်စ်စီအီး)က လေ့လာသူ ၈ ယောက်ကို ဖမ်းထားခဲ့တာပါ။ ဆွစ်ဇာလန်၊ တူရကီ၊ အက်စတိုးနီးယားနဲ့ ဒိန်းမတ်နိုင်ငံတွေက လေ့လာသူ ၄ ယောက်ကို သူပုန်တွေက ဒန်ညက်စ်မြို့လယ် ဟိုတယ်ဆီကို လက်နက်ကိုင် အစောင့်အကြပ်အပြည့်နဲ့ ခေါ်လာပြီး သူတို့ရဲ့လုပ်ဖောင်ကိုင်ဖက်တွေဆီကို လွှဲပေးခဲ့ပါတယ်။ ကျန် ၄ ယောက်ကိုတော့ လူဟန့်စ်ဒေသတွင်းမှာ သူပုန်တွေရဲ့ဓားစာခံအဖြစ် ကျန်နေ ဆဲပါ။ ခုလို လွှတ်ပေးတာဟာ ချစ်ကြည်ရေးအသီးအပွင့်တွေ ဖြစ်ပြီး အခြေအနေ ကန့်သတ်ချက်မပါဘူးလို့ ဒန်ညက် ပြည်သူ့သမ္မတနိုင်ငံရဲ့ ၀န်ကြီးချုပ် အလက်ဇန်နာ ဘိုရိုဒိုင်က ပြောပါတယ်။ ကျန် ၄ ယောက်ကို ပြန်လွှတ်ပေးဖို့ကိုလဲ လုပ်ပေးနိုင်မယ်လို့ မျှော်လင့်တယ်လို့ သူက ဆက်ပြောပါတယ်။ ဒီ ပြန်လွှတ်ပေးမှုအတွက် ယူကရိန်းအစိုးရညှိုနှိုင်းရေးသမားတွေ၊ အိုအက်စ်စီအီး၊ ရုရှားနဲ့ သူပုန်ခေါင်းဆောင်တွေကြား ငြိမ်းချမ်းရေးအတွက် တိုင်ပင်အကြံပြုမှုရဲ့အစိတ်အပိုင်းလဲ ဖြစ်ပါတယ်။ သူပုန်တွေနဲ့ ယူကရိန်းအစိုးရကြား အပစ်အခတ်ရပ်စဲရေးက ဒီနေ့ မွန်းလွဲပိုင်းမှာ ပြီးဆုံးတော့မှာပါ။ ဒါပေမယ့် ယူကရိန်းရဟတ်ယာဉ်ကို ပစ်ချလို့ ပါသမျှ လူ ၉ ယောက်လုံး သေဆုံးရမှုလို ချိုးဖောက်မှုတွေလဲ ရှိခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up