လေးပွင့်ဆိုင်တွေ့ဆုံရေးအတွက် မကွေးတိုင်း ဆိပ်ဖြူတွင် တကိုယ်တော်လမ်းလျှောက်
ပိုင်စိုး
·
June 27, 2014
အစိုးရနဲ့ အတိုက်အခံတွေကြားတင်းမာမှုတွေပျောက်ဖို့အတွက် ဆိပ်ဖြူမြို့နဲ့ ချောက်မြို့ကို တကိုယ်တော် လမ်းလျှောက် သရုပ်ဖော် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားဟောင်းဖြစ်တဲ့ ဦးဇော်မြင့်က အဖြူရောင် ၀တ်စုံဝတ်ဆင်ပြီး တံပိုးကျိုးကို ထမ်းပြီး ဆိပ်ဖြူမြို့ကနေ ချောက်မြို့ကို လမ်းလျှောက်ခဲ့တာပါ။
“အဖြူရောင်ဝတ်စုံက ပြည်သူကို ကိုယ်စားပြုပါတယ်။ တံပိုးကျိုးကတော့ ခေတ်စနစ်နဲ့ အုပ်ချုပ်သူပေါ့။ ပြည်သူတွေက ခေတ်စနစ်နဲ့ အုပ်ချုပ်သူရဲ့ တံပိုးကျိုးကို အမြဲထမ်း လာရတယ်ဆိုတာကို ပြောချင်တာ ပါ” လို့ ဦးဇော်မြင့်က ပြောပါတယ်။
ဒီအတွက် လေးပွင့်ဆိုင်တွေ့ဆုံပြီး ကိုယ်လိုချင်တာ ကိုယ်ပြောကြဖို့ လိုအပ်တယ်လို့လည်း ဦးဇော်မြင့်က ပြောပါတယ်။
အခုလို ဆန္ဒဖော်ထုတ်ဖို့အတွက် ခွင့်ပြုမိန့်ရထားပြီး ဒီမနက် ၉ နာရီကျော်မှာ ပြီးသွားခဲ့ပါတယ်။
လေးပွင့်ဆိုင် တွေ့ဆုံမှု မဖြစ်မချင်း အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့လည်း ဦးဇော်မြင့်က ပြောပါတယ်။
ဓာတ်ပုံ-၀င်းနွယ်စိုး