ကချင်ပြည်နယ်မှာ မူးယစ်ဆေးထိုးတာ အများကြီးပဲ၊ ဘယ်သူမှမဖမ်းဘူး
ထွန်းထွန်းသိန်း
·
June 26, 2014
ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်ပါတယ်။
ဒီနေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ တနိုင်းမြို့တွေမှာ မူးဆစ်ဆေးဝါး ဆန့်ကျင်ကန့်ကွက်ပွဲတွေ လုပ်ခဲ့ပါတယ်။
မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ အတွင်းရေးမှူး ဦးသံဂွန်းက တော့ ကချင်ပြည်နယ် မြစ်ကြီးနား၊ ၀ိုင်းမော်၊ ပန်ဝါ အထူးဒေသ ၁၊ ဟူးကောင်းချိုင့်ဝှမ်း၊ ဟိုပင် စတဲ့ဒေသတွေမှာ မူးယစ်ဆေးထိုးနေကြတာ အများကြီး တွေ့ရပြီး အလယ်တန်း၊ အထက်တန်းကျောင်းသားတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။
လက်ရှိ ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲမူ အခြေအနေနဲ့ ပတ်သက်ပြီး ကချင်အမျိုးသား မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ အတွင်းရေးမှူး ဦးသံဂွန်းကို ဒီဗွီဘီသတင်းထောက် ကိုထွန်းထွန်းသိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။