ရွှေပြည်သာမြို့နယ်တွင် တပ်သိမ်းမြေပြန်ရရေး ဆိုင်းဘုတ်ထောင်
ပိုင်စိုး
·
June 26, 2014
ရွှေပြည်သာမြို့နယ် ပြည်တော်သာရပ်ကွက် လမ်းမကြီးဘေးမှာ တပ်သိမ်းမြေ ပြန်လည်ရရှိရေးအတွက် နိုင်ငံတော် အကြီးအကဲတွေ၊ အများပြည်သူနဲ့ သတင်းမီဒီယာတွေ သိဖို့အတွက် ဆိုင်းဘုတ်တခု ကြေညာထားပါတယ်။
တပ်သိမ်းမြေတွေပြန်မရသေးလို့ဆိုပြီး သိမ်းဆည်းခံ လယ်ယာမြေ အချက်အလက်တွေနဲ့ နိုင်ငံပိုင်သတင်းစာပါ လယ်မြေပြန်ပေးရေး ကြေညာချက်တွေကို ဖော်ပြထားပါတယ်။
သိမ်းဆည်းပြီး ဘာမှ မလုပ်ပဲ ထားခဲ့ပေမယ့် တပ်သိမ်းမြေတွေ ပြန်ပေးနေလို့ မြေတွေကို ပြန်တောင်းမှပဲ အထည်ချုပ်စက်ရုံကို လာဆောက်တာပါလို့ မြေသိမ်းခံ အမျိုးသမီးတဦးက ပြောပါတယ်။
အခုလို ဆိုင်းဘုတ်ထောင်ထားတဲ့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်တာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။