Live
Home
မြန်မာသတင်း
ဇွန်လ ၂၇ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် - ဒေါက်တာထွန်းလွင်
DVB
·
June 26, 2014
ဇွန်လ ၂၆ ရက်နေ့ မနက် ၇နာရီခွဲ အချိန်ဖမ်းယူရရှိထားတဲ့ တိမ်ပုံမှာဆိုရင် ကပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ အနောက်ပိုင်းတို့မှာ တိမ်ထူထပ် နေပါတယ်။ ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ မြန်မာနိုင်ငံပေါ်မှာ ကတော့ တောင်ပိုင်း နဲ့ မြစ်ဝကျွန်းပေါ်ဒေသ တွေမှာ တိမ်ထူထပ်နေပါတယ်။ ကျန်ဒေသတွေ မှာတော့ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါတယ်။ ဇွန်လ ၂၇ ရက်နေ့ မြန်မာ့ပင်လယ်ပြင်အခြေအနေ ခန့်မှန်းချက်အနေနဲ့တော့ မြန်မာ့ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိ နိုင်ပါတယ်။ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၃ ပေမှ ၅ ပေလောက်ရှိ နိုင်ပါတယ်။ ကျန်မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင် မှာ လှိုင်းအမြင့် ၅ ပေ ကနေ ၆ ပေလောက် မြင့်တက် နိုင်ပါတယ်။ Slide8အပူရှိန်မြင့်တက်နိုင်မှုအနေနဲ့ကတော့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတန်ဖိုး ၁၀ အောက်ကျဆင်းနိုင်တဲ့ မြို့တွေကတော့ မြစ်ကြီးနားမြို့၊ ရန်ကုန်မြို့၊ မကွေးမြို့၊ မော်လမြိုင်မြို့၊ ပဲခူးမြို့နဲ့ ဘားအံမြို့ တွေပဲဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အနိမ့်ဆုံးဖြစ်တဲ့ ဘားအံမြို့မှာတော့ အညွှန်းကိန်းတန်ဖိုး ၄ ဒသမ ၆ သာရှိနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးကျရောက်နိုင်တာ ကတော့ ဟားခါးမြို့ဖြစ်ပြီး အညွှန်းကိန်းတန်ဖိုး ကတော့ ၁၃ ဒသမ ၀ ကျရောက်နိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာ အညွှန်းကိန်းတန်ဖိုး ၁၀ ကနေ ၁၂ ကျော်တဲ့အထိမြင့် တက်နိုင် ပါတယ်။ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၃၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်း လောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၁၅ ရာခိုင်နှုန်း ကနေ ၂၅ ရာခိုင်နှုန်း လောက် သေချာမှု ရှိနိုင်ပါတယ်။ မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ မန္တလေးတိုင်းနဲ့ တနင်္သာရီတိုင်း မှာမိုးရွာဖို့ သေချာမှု ၄၀ ရာခိုင်နှုန်း ကနေ ၆၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။ ကျန်ပြည်နယ် နဲ့တိုင်းတွေမှာတော့ နေရာကွက်ကြားမိုးရွာနိုင်ပြီး မိုးရွာဖို့ သေချာမှုအနေနဲ့ ၇၀ ရာခိုင်နှုန်း ကနေ ၈၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။ မိုးရေချိန်ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကရင်ပြည်နယ်မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂၀ မီလီမီတာကနေ ၅၀ မီလီမီတာလောက် မိုးရွာနိုင် ပါတယ်။ မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ ဇွန်လ ၂၇ ရက်နေ့အတွက် နေပြည်တော်နဲ့အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၀ ဒီဂရီစင်တီ ဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ် လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၈၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။ ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၄ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၉၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။ မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၄၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024