ရွှေမြန်မာအဲလိုင်း မန္တလေးနှင့်အိန္ဒိယနိုင်ငံ အင်ဖာမြို့ကို ပြေးဆွဲမည်
DVB
·
June 26, 2014
စီဘီဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးနဲ့ ရှယ်ယာရှင်တွေ ပိုင်ဆိုင်တဲ့ ရွှေမြန်မာ လေကြောင်း လိုင်းဟာ မြန်မာနိုင်ငံ မန္တလေးနဲ့ အိန္ဒိယနိုင်ငံ အင်ဖာမြို့ကို ဇွန် ၂၇ ရက်နေ့က စတင် ပြေးဆွဲသွားမယ်လို့ လေကြောင်းရုံးက အတည်ပြု ပြောဆိုပါတယ်။
ဒီ ခရီးစဉ်ကို လူ အယောက် ၇၀ လောက်ဆန့်တဲ့ ပြင်သစ်နိုင်ငံလုပ် ATR-72-690 လေယာဉ်တွေကို အသုံးပြုပြီး ၁ ပတ် ၂ ကြိမ် ပြေးဆွဲသွားမယ်လို့ ဆိုပါတယ်။
သိပ်မကြာသေးခင်ကာလက အိန္ဒိယ မြန်မာကုန်သွယ်မှုနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ အစိုးရအဆင့် သဘောတူညီချက်တွေ ရခဲ့တာမို့ ကူးလူးဆက်ဆံမှု မြင့်တက် လာနိုင်တာကို ရည်ရွယ်တာ ဖြစ်တယ်လို့ ရွှေမြန်မာ လေကြောင်းလိုင်းက သတင်း ထုတ်ပြန်ထားပါတယ်။