အမေရိကန် မန်နီဆိုတားပြည်နယ်တွင် ရေလွှမ်းမိုး

USA Floodingအမေရိကန်နိုင်ငံ မန်နီဆိုတားပြည်နယ် စိန့်ပေါလ်ဒေသခံတွေ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့က ရေလွှမ်းမိုးမှုဒဏ်ကို ဆက်လက် ရင်ဆိုင်နေရပါတယ်။ ပြည်နယ်ရဲ့အစိတ်အပိုင်းအတော်များများမှာ မိုးသည်းထန်ခဲ့လို့ အိမ်နီးချင်းပြည်နယ်တွေ ဖြစ်တဲ့ တောင်ဒါကိုတာ၊ မြောက်ဒါကိုတာနဲ့ အိုင်အိုဝါပြည်နယ်တွေမှာပါ အကြီးအကျယ် ထိခိုက် ပျက်စီးခဲ့တာပါ။ ၀စ်ကိုဆင်နဲ့ အီလီနွိုက်အနောက်ပိုင်းတွေမှာ ရေလွှမ်းမိုးခဲ့တယ်လို့ အမျိုးသားမိုးလေ၀သ ၀န်ဆောင်မှုက ဆိုပါတယ်။ အိုဟိုင်းအိုးပြည်နယ်မှာလည်း အချိန်တိုအတွင်း မိုးသည်းထန်စွာ ရွာခဲ့လို့ ရေလွှမ်းမိုးမှုတွေ ဖြစ်ခဲ့ပါတယ်။ တချို့ဒေသခံတွေကတော့ လမ်းတွေထဲမှာ ရေပြည့်နေလို့ ရပ်ကွက်တွေထဲကနေ မထွက်နိုင် ဖြစ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up