DVB Logo
Home
မြန်မာသတင်း
ကေအန်ယူနယ်မြေတွင် ၃ လအတွင်း လေကြောင်းနှင့်လက်နက်ကြီးကြောင့် ဒေသခံ ၄၀ သေဆုံး
DVB
·
May 2, 2023
ကေအန်ယူနယ်မြေတွင် ၃ လအတွင်း လေကြောင်းနှင့်လက်နက်ကြီးကြောင့် ဒေသခံ ၄၀ သေဆုံး
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ထိန်းချုပ်နယ်မြေတွေထဲမှာ အခု ၂၀၂၃ ခု ပထမ ၃ လအတွင်း  စစ်ကောင်စီရဲ့ လေကြောင်းတိုက်လိုက်မှုနဲ့ လက်နက်ကြီးနက်နဲ့ ပစ်ခတ်တိုက်လိုက်မှုကြောင့် အရပ်သားပြည်သူ ၄၀ သေဆုံးခဲ့ရပြီး ၁၄၂  ဒဏ်ရာရရှိခဲ့ပါတယ်။

ကေအဲန်ယူ-သတင်းနှင့်ပြန်ကြားရေး ဗဟိုရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့  အစီရင်ခံစာအရ ၂၀၂၃ ခု ဇန်နဝါရီလကနေ မတ်လ ၃၁ ရက်နေ့အထိ ကေအန်ယူနယ်မြေတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၁၁၆ ကြိမ်ရှိခဲ့ပါပြီး အရပ်သား ၁၅ ဦးသေဆုံးကာ ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းပြောပါတယ်။

အလားတူ ပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုအကြိမ်ရေပေါင်း  ၄၃၈ ကြိမ် ပစ်ခတ်ခဲ့ကာ ဒေသခံ ပြည်သူ ၂၅ ဦးသေဆုံးပြီး ၁၂၂ ဦး ထိုက်ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ အခုနှစ် ဇန်ဝါရီလက စပြီး လေကြောင်းတိုက်ခိုက်မှုတွေ အရရှိန်မြင့် လာပြီး ဒီလေ ကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတွေရဲ့နေအိမ်တွေ၊  ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ တခြားအဆောက်အဦတွေပါ များစွာ ထိခိုက်ပျက်စီးခဲ့ရကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြ ပါတယ်။

ကေအန်ယူ ထိန်းချုပ်သည့်နယ်မြေတါင်း  စစ်ကောင်စီတပ်ဘက်ကနေ လေကြောင်းတိုက်လိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုအပါအဝင် တခြား စစ်ရာဇဝတ် ကျူးလွန်မှုနဲ့  လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့်  အရပ်သား ပြည်သူလူထု (၅၅)ဦးသေဆုံးရပြီး (၆၃၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ 

စစ်ကောင်စီရဲ့ စစ်ရာဇဝတ်ကျူးလွန်မှုတွေထဲမျာ  လေကြောင်တိုက်ခိုက်မှု၊ ကျေးရွာအတွင်း ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်မှု၊ လက်နက် ငယ်ရမ်းသမ်းပစ်ခတ်မှု၊ လူသွားလူလာလမ်းပေါ်မှာ  မြေမြုပ်မိုင်း ထောင်ခြင်း၊ ဖမ်းဆီး သတ်ဖြတ်မှု နဲ့  လူနေအိမ်များမီးရှို့ မှုစတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေကြောင်း ဖော်ပြပါတယ်။

ဒီလူ့အခွင့်ချိုးဖောက်ခံရမှုအများဆုံး ခရိုင်ကတော့ ဒူးပလာခရိုင်ဖြစ်ပြီး ဒုတိယအများဆုံးက ဖာပွန်ခရိုင်ဖြစ်ကြောင်း အစီခံစားအရ ဖော်ပြပါတယ်။

ကရင်အမျိုးသားအစည်းအရုံးမှာ တပ်မဟာ၊ ခရိုင် ၇ ခုရှိပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်တွေအတွင်းမှာ နယ်မြေတချို့ကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013