DVB Logo
Home
မြန်မာသတင်း
မြေနေရာငှားမရသဖြင့် ကျောက်တော် စစ်ဘေးရှောင်များ အခက်အခဲဖြစ်နေ
DVB
·
April 30, 2023
မြေနေရာငှားမရသဖြင့် ကျောက်တော် စစ်ဘေးရှောင်များ အခက်အခဲဖြစ်နေ
Donate to DVB

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ ဝါးတောင်စစ်ဘေးရှောင်စခန်းက အိမ်ထောင်စု ၆၀ ကျော်ဟာ အခုနေထိုင်နေကြတဲ့ စခန်းမြေနေရာကို ဆက်လက်ငှားရမ်းလို့ မရတော့တာကြောင့် စခန်းပြောင်းရွှေ့နေကြရပြီး နေစရာအခက်အခဲဖြစ်နေကြတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

ဝါးတောင်စစ်ဘေးရှောင်စခန်းဟာ ကျေးရွာသား ၂ ယောက်ရဲ့ လယ်မြေတွေကို ငှားရမ်း တည်ဆောက်ထားကြတာဖြစ်ပြီး မြေပိုင်ရှင် တယောက်က မြေမငှားတော့တာကြောင့် အခုစခန်းနဲ့ ၂ မိုင်ခန့်အကွာ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းအနီးကို ပြောင်းရွှေ့နေကြရတယ်လို့ စစ်ဘေးရှောင် စခန်းတာဝန်ခံ ဦးနိုင်ထွန်းဝင်းက ပြောပါတယ်။

"ဝါးတောင်စခန်းဆောက်ထားတဲ့ မြေပိုင်ရှင်က မြို့နယ်ထွေအုပ်ကိုရော ULA နယ်မြေရုံးတွေကိုပါ တိုင်တန်းထားတာကြောင့် ဘယ်လိုမှ နေလို့မရတော့ဘူး။ မြေပိုင်ရှင်က ၂ ယောက်ရှိတာ။ တဦးကတော့ ဆက်ပြီးငှားရမ်းလို့ ရသေးတယ်။ အခု​ ငှားရမ်းလို့ မရတော့တဲ့ မြေမှာနေထိုင်ကြတဲ့ အိမ်ထောင်စု ၆၆ စုဟာ ၂၈ ရက်ကတည်းက တောင်မင်းကုလားစစ်ဘေးရှောင်စခန်းနားကို ပြောင်းရွှေ့နေကြရပြီး အိမ်တွေဆောက်ဖို့ တော်တော်လေးကို အခက်ခဲဖြစ်နေကြတယ်" 

အခုပြောင်းရွှေ့ခဲ့ရတဲ့ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းမှာ သောက်သုံးရေအပါဝင် နေစရာ အိမ်ဆောက်ဖို့ကအစ အခက်အခဲတွေအများကြီး ရှိနေတယ်လို့ စစ်ဘေးရှောင်တဦးက ပြောပါတယ်။

"အခု သောက်သုံးရေ အခက်အခဲတော့ ရှိတယ်။ နောက်အခုလောက် ပူပြင်းတဲ့အချိန်မှာ အိမ်တွေ ဆောက်ဖို့ တာပေါ်လင်တွေ၊ ဝါးတွေ စုံစုံလင်လင်မရှိဘဲ အခက်အခဲတွေ ဖြစ်နေကြတယ်။ ဟိုဘက်က ဖြိုဖျက်ပြီး ယူလာတာကလည်း ဟောင်းနေပြီဆိုတော့ ဆွေးသွားတာတွေ များတယ်။ အဓိကအခက်အခဲကတော့ အိမ်ရဲ့ အမိုးအကာတွေက အခုလောလောဆယ် အခက်အခဲဖြစ်တယ်။" 

ဝါးတောင်စစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၁၅၅ စု၊ လူဦးရေ ၈၀၀ ကျော် နေထိုင် ကြတာဖြစ်ပြီး မြေနေရာငှားရမ်း မရတာကြောင့် အိမ်ထောင်စု ၆၆ စုက လူဦးရေ ၃၇၀ လောက် ရွှေ့ပြောင်းသွားကြရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ဝါးတောင် စစ်ဘေးရှောင်စခန်းမှာ ကျောက်တော်မြို့နယ် ယိုးချောင်းအတွင်းရှိ ခမောင်း၊ ကင်ဘိ၊ လေကွီ၊ ပညာကြီး၊ ငစရိုင်းကိုင်း၊ သိမ်းချောင်း၊ ချင်မဝန်တောင်း၊ တဲဝ စတဲ့ကျေးရွာတွေက ဒေသခံ တွေ ခိုလှုံနေကြတာ ဖြစ်ပါတယ်။

အခု ရွှေ့ပြောင်းနေကြရတဲ့ ဝါးတောင်စစ်ဘေးရှောင်စခန်းဟာ ၂၀၁၈ ခုနှစ်ကတည်းက စစ်ဘေးရှောင်နေကြရတဲ့  သက်တမ်းရှည်စစ်ရှောင်စခန်းတွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013