DVB Logo
Home
မြန်မာသတင်း
ကသာမြို့ ခရစ်ယာန်သုသာန်ဇရပ်က မူလီ နတ်ခေါင်းနတ်ချောင်းများ ဖြုတ်ခိုးခံရ
DVB
·
April 29, 2023
ကသာမြို့ ခရစ်ယာန်သုသာန်ဇရပ်က မူလီ နတ်ခေါင်းနတ်ချောင်းများ ဖြုတ်ခိုးခံရ
Donate to DVB

စစ်ကိုင်းတိုင်း ကသာမြို့ရှိ ခရစ်ယာန်သင်္ချိုင်းမှာ ဆောက်လုပ်ထားတဲ့ ခရစ်ယာန် အသင်းတော်များ ကောင်စီရဲ့ သုသာန်ဇရပ်က မူလီ နတ်ချောင်း နတ်ခေါင်းတွေ အကုန်လုံးနီးပါး ဖြုတ်ခိုးခံလိုက်ရတယ်လို့ ဧပြီ ၂၈ ရက်မှာ လူမှုကူညီရေးအသင်း တာဝန်ရှိသူ တဦးက ပြောပါတယ်။

"မိုးရွာတဲ့အချိန်မှာ သုံးဖို့ ဆောက်ထားတာ ၄ နှစ် ရှိပါပြီ။ ခုက ဖြတ်လို့ ရသလောက် အကုန်ဖြုတ်သွားတော့ တိုင်နေရာတွေရွှေ့ကုန်ပြီး လေတိုက်ရင်ပြိုကျမယ့်အနေအထား ဖြစ်နေတယ်။"

ခရစ်ယာန်သုသာန်ဇရပ်ကိုတည်ဆောက်ထားတာ ၄ နှစ်နီးပါးရှိလာပြီး ကိုဗစ်ကာလ ကြားခံ သွားတာမို့ အသုံးမပြုရသေးကြောင်းနဲ့ ပျက်စီးမှုတွေကို ဂဟေဆော်ပြီး ပြန်ပြုပြင်ရမယ်လို့ ဆိုပါတယ်။

ကသာမြို့ခံတဦးက "အမှိုက်ကောက်တဲ့သူတွေ အမှိုက်ပုံလာမွှေလို့ ကလေးပါလာရင် အဲဇရပ်ထဲ နေခိုင်းကြ၊ အနားယူကြနဲ့၊ ဇရပ်ပတ်ဝန်းကျင်က အမှိုက်ပုံလိုဖြစ်နေတာ။ အိုးဝယ် ဒန်ဝယ် သံချောင်းအဟောင်း ခိုးရာပါပစ္စည်းဝယ်တဲ့ ဆိုင်တွေကလည်းများလာတော့ အမှိုက်မွှေတာ တောင်အလှည့်နဲ့ပဲ။ မနက်တွေဆို အထုပ်တွေ လေးငါးထုပ်ဆွဲအိမ်ရှေ့ကဖြတ်နေကြတာပဲ" လို့  ပြောပါတယ်။

အာဏာသိမ်းမှုဖြစ်စဥ်နောက်ပိုင်းမှာ ကသာမြို့အနီးတဝိုက်က ကျေးရွာတွေကို လေယာဥ်နဲ့ ဗုံးကြဲသလို ရွာထဲဝင်ရောက်ပစ်ခတ်တဲ့ ဖြစ်စဥ်တွေကြောင့် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှာ စစ်ဘေးရှောင်မိသားစုတွေ ရှိနေကြတယ်လို့ သိရပါတယ်။ 

ဒီလိုဖြစ်စဥ်တွေကို အခွင့်ကောင်းယူပြီး မရိုးသားတဲ့ နည်းလမ်းတွေနဲ့ လုပ်ကိုင်စားသောက်သူတွေ တစခန်းထနေကြတာလို့ မြို့ခံတွေက ပြောပါတယ်။

မြို့အနီးအနားမှာလည်း ပစ်ခတ်မှုတွေမကြာခဏရှိတတ်တာကြောင့် စည်ပင်အမှိုက်ကားတွေ လည်း မြို့ပြင် ငါးမိုင်ထိသွား မပစ်ရဲကြဘူးလို့ ဆိုပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013