မုတ္တမ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြောင့် လယ်များရေမြှုပ်
ပိုင်စိုး
·
June 24, 2014
မုတ္တမ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းထားတာ နိမ့်နေတဲ့အတွက် တောင်ကျချောင်းကရေတွေ ကောင်းကောင်း မစီးနိုင်ပဲ လယ်တွေရေမြှုပ်နေတယ်လို့ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ လှည်းကူးကျေးရွာအုပ်စုက လယ်သမားတွေက ပြောပါတယ်။
“လယ်ဧက ၂၀၀ လောက်မြုပ်တယ်။ ဒီပုံစံအတိုင်းဆိုရင် ပျိုးစိုက်လို့ မရတော့ဘူး” လို့ ကုလားစုကျေးရွာက ဦးဇော်ဝင်းက ပြောပါတယ်။
ပိုက်လိုင်းက ချောင်းကမ်းပါးနဲ့ တညီတည်းဖြစ်နေပြီး ချောင်းရေနဲ့ပါလာတဲ့ အမှိုက်တွေကြောင့်လည်း ရေမစီးနိုင်ဖြစ်ပြီး ရေလမ်းကြောင်းတွေပြောင်းကုန်တယ်လို့လည်း လယ်သမားတွေက ပြောပါတယ်။
ပိုက်လိုင်းဆက်သွယ်ရေး ကြီးကြပ် အင်ဂျင်နီယာ ဦးမျိုေးဇ်ာမင်းက “ခုပဲ အဲဒီနေရာကို သွားကြည့်ခဲ့တာပါ။ ခု မိုးရာသီမှာတော့ ဘာမှ လုပ်လို့မရပါဘူး။ ပိုက်လိုင်းကို မြှင့်ပေးမယ်ဆိုရင်လည်း ပဲ၊ နှမ်း ရာသီပြီးမှပဲ လုပ်နိုင်မှာပါ။ ပြီးတော့ အဲဒီနေရာတွေက မိုးရွာရင် ရေမြုပ်တဲ့ နေရာတွေပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ကလည်း “ ဟိုး အရင်ကတော့ ရေလျှံရင် မြှုပ်ဖူးပါတယ်။ ခုကတော့ ပိုက်လိုင်းက နိမ့်နေတော့ ရေစီးတာ အဆင်မပြေပဲ မိုးရွာရင် လယ်တွေ ရေမြှုပ်တယ်။ ခုက မိုးဦးပဲ ရှိသေးတော့ ဘယ်လောက်မြှုပ်မယ်ဆိုတာ သေချာ မပြောနိုင်ဘူး။ ဧက ၂၀၀ လောက်တော့ ရှိမှာပေါ့” လို့ ပြောပါတယ်။