အင်္ဂလန်နှင့် ကောစတာရီကာ ပွဲစဉ် မင်းသား ဟယ်ရီ သွားရောက်ကြည့်ရှုမည်

အင်္ဂလန်နိုင်ငံရဲ့ မင်းသား ဟယ်ရီဟာ ဒီကနေ့မှာ ယှဉ်ပြိုင်ကစားကြမယ့် အင်္ဂလန်နဲ့ ကောစတာရီကာတို့ရဲ့ ပွဲစဉ်ကို ကိုယ်တိုင်ကိုယ်ကျ သွားကြည့်မယ်လို့ သိရပါတယ်။ England's Crown Prince Tourမင်းသား ဟယ်ရီ ကြည့်မယ့် ဒီပွဲဟာ အင်္ဂလန်အသင်းအတွက်တော့ အိမ်မပြန်ခင် နောက်ဆုံး သိက္ခာဆယ်ရုံ သက်သက်ကန်မယ့် ပွဲဖြစ်ပါတယ်။ မင်းသား ဟယ်ရီဟာ ဘရာဇီးနဲ့ ချီလီနိုင်ငံတို့ကို အလည်အပတ် ၇ ရက်ခရီးစဉ်မှာ အခုလို အင်္ဂလန်အသင်းရဲ့ ပွဲစဉ်ကို ဝင်ရောက်အားပေးတာပါ။ ဇွန် ၂၃ ရက်နေ့က စတင်ခဲ့တဲ့ မင်းသားဟယ်ရီရဲ့ ခရီးစဉ် ပထမရက်မှာ ဘရာဇီးနိုင်ငံရဲ့မြို့တော် ဘရာဇီးလီးယား မှာရှိတဲ့ ပြန်လည်ထူထောင်ရေးဆေးရုံကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up