Home
လူမှုရေး
ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ကွယ်လွန်
DVB
·
June 19, 2014
သမားတော်ကြီး ဒေါက်တာဒေါ်မြင့်မြင့်ခင် အသက် ၉၁ နှစ်ဟာ ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ က ရန်ကုန်မြို့ ရွှေဂုံတိုင်အထူးကုဆေးရုံမှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။ Dr.Myint Myint Khinဆရာဝန်မကြီး ဒေါ်မြင့်မြင့်ခင်ဟာ ၁၉၈၅ ခုနှစ်မှာ The National University of Malaysia ရဲ့ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၅ ကနေ ၁၉၉၁ ခုနှစ်အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ အတိုင်ပင်ခံအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကဗျာပေါင်းချုပ် စာအုပ် အပါအ၀င် ဆေးပညာရပ်ပိုင်းဆိုင်ရာ စာအုပ်များစွာ ထုတ်ဝေခဲ့ပါတယ်။ ဆရာမကြီး ဒေါ်မြင့်မြင့်ခင်ရဲ့ အမျိုးသားဟာ ကမ္ဘာမှာ ပထမဆုံး ဆင်စွယ်ဖြင့် အရိုးအစားထိုး ကုသမှုကို စမ်းသပ်အောင်မြင်ခဲ့တဲ့ အရိုးအထူးကု ဆရာဝန်ကြီး ဒေါက်တာစံဘော် ဖြစ်ပါတယ်။ သမားတော်ကြီး ဒေါ်မြင်မြင့်ခင်ဟာ မြန်မာနိုင်ငံ ဆရာဝန်အသင်း သက်ကြီးဆရာဝန်များ ထောက်ကူအဖွဲ့ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ ဆရာမကြီးရဲ့ ဈာပနအခမ်းအနားကို ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲ ၄ နာရီမှာ ရေဝေးရေခဲတိုက်ကနေ ရေဝေးသုသာန်ကို ပို့ဆောင်မီးသင်္ဂြိုဟ်မှာလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024