Home
မြန်မာသတင်း
၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးဆွေးနွေးပွဲ စတင်နိုင်ရေး ဆွေးနွေး
နန်းမြနဒီ
·
June 19, 2014
၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးဆွေးနွေးပွဲစတင်နိုင်ဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီနဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့တို့ ဆွေးနွေးခဲ့ပါတယ်။ [caption id="attachment_58868" align="alignright" width="300"]ဓာတ်ပုံ - သျှမ်းသံတော်ဆင့် ဓာတ်ပုံ - သျှမ်းသံတော်ဆင့်[/caption]ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း အဖွဲ့တို့ဟာ ဒီကနေ့မနက်ပိုင်းက ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်မှာ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ကိစ္စ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲကို လာမယ့်ရွေးကောက်ပွဲမတိုင်ခင် စတင်ဖို့ အစိုးရဘက်က ပြောကြားခဲ့ကြောင်း ဆွေးနွေးပွဲမှာ ပါဝင်ခဲ့သူ ရှမ်းပြည် တပ်မတော်တောင်ပိုင်းအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။ “တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးကိစ္စတွေကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့၊ သြဂုတ်လထဲမှာ တပြည်လုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေထိုးနိုင်ဖို့ အစိုးရဘက်က စီစဉ်နေတဲ့အကြောင်း ပြောပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေကို ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် နှစ်ဆန်းပိုင်းမှာ စတင်နိုင်ဖို့ ပြောပါတယ်။” ဒါ့အပြင် ဒေသတွင်းဖြစ်ပျက်နေတဲ့ ပြဿ နာတွေကို နှစ်ဘက် ညှိနှိုင်းတိုင်ပင်ဖြေရှင်းရေး၊ အရင် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွေက ရရှိထားပြီးသား သဘောတူညီချက်အတိုင်း လက်တွေ့လုပ်ငန်းတွေကို ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့တွေလည်း ဆွေးနွေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ ဖြစ်ပျက်သမျ ပြဿ နာပေါင်းစုံကို ငြိမ်းချမ်းတဲ့နည်းလမ်း နဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာသွားဖို့နဲ့ နောက်ထပ်လည်း လိုအပ်သလို ထပ်မံဆက်သွယ်ညှိနှိုင်းသွားကြဖို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။ ရှမ်းပြည်တပ်မတော်ဘက်က တင်ပြတဲ့ အပစ်ခတ်ရပ် လက်မှတ်ရေးထိုးပြီးတဲ့နောက်ပိုင်း အောက်ခြေမှာ ပစ်ခတ်မှုတွေ ဖြစ်နေတဲ့ကိစ္စ၊ ရှမ်းပြည် တပ်မတော်ဆက်ဆံရေးရုံး ရှောင်တခင် ၀င်စစ်ခံရတဲ့ကိစ္စ တွေဟာ နားလည်မှုလွဲလို့ ဖြစ်ရတာဖြစ်ပြီး အက်စ်အန်အယ်ဒီ ရှမ်းပါတီက ကျေးရွာဥက္ကဋ္ဌ ပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆို အဖမ်းခံရတဲ့ ပြဿ နာမျိုးတွေလည်း တပြည်လုံးအပစ်ခတ်ရပ်ပြီးရင် ပြေလည်သွားမယ်လို့ အစိုးရဘက်က ပြောသွားတယ်လို့ ဆိုပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲမှာ အစိုးရဘက်က ၀န်ကြီး ဦးအောင်မင်းအပြင် ၀န်ကြီး ဦးခင်မောင်စိုး၊ ဦးလှရွှေ၊ ဦးခင်မောင်သန်းတို့က ပါဝင်ဆွေးနွေးပြီး ရှမ်းပြည်တပ်မတော်တေင်ပိုင်းဘက်ကတော့ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ အကြံပေးအဖွဲ့က ဦင်္းခွန်စိုင်းတို့ ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ဟာ အစိုးရနဲ့ ပြည်နယ်အဆင့်မှာရော ပြည်ထောင်စု အဆင့်မှာပါ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က အပစ်အခတ်ရပ်လက်မှတ်ရေးထိုးထားပေမယ့် အောက်ခြေပိုင်းက ထိတွေ့ပစ်ခတ်မှုတွေ အကြိမ်ပေါင်း ၁၀၀ ကျော် ပြန်ဖြစ်ခဲ့ပြီး ရရှိထားတဲ့ သဘောတူညီချက်တွေကိုလည်း အားလုံး အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးဘူးလို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း အဖွဲ့က ပြောပါတယ်။ ၀န်ကြီး ဦးအောင်မင်းနဲ့အဖွဲ့ဟာ ဒီကနေ့ ညနေပိုင်းမှာလည်း ကေအိုင်အို ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်တို့အဖွဲ့နဲ့လည်း အလွတ်သဘော တွေ့ဆုံခဲ့တယ်လို့ မြန်မာငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးညိုအုန်းမြင့်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024