သံရုံးစီးနင်းမှု သံသယရှိသူ အမေရိကန်ဖမ်းဆီး၊ လစ်ဗျားအစိုးရ ရှုတ်ချ

ဓာတ်ပုံ - ရိုက်တာ
ဘန်ဂါဇီမြို့ အမေရိကန်သံရုံး စီးနင်းမှုကို စီစဉ်တယ်လို့ သံသယရှိသူ အမျိုးသားတဦးကို အမေရိကန်အထူးတပ်တွေက ၀င်ရောက် ဖမ်းဆီးမှုဟာ လစ်ဗျားရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်တာလို့ လစ်ဗျားအစိုးရက ဇွန် ၁၈ ရက်နေ့မှာ ရှုတ်ချလိုက်ပါတယ်။ [caption id="attachment_58850" align="alignright" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption]အာမက် အဘူခါတာလာကို ဖမ်းမယ့်အရေး ကြိုတင်သတိပေးမှုကို လစ်ဗျားအစိုးရက လုံးဝ မရခဲ့ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရက ပထမဆုံးအကြိမ် တရားဝင် တုံ့ပြန်ပြောဆိုပါတယ်။ သံသယရှိသူကို လစ်ဗျားကို ပြန်ပို့သင့်ပြီး လစ်ဗျားတရားရေးအရ စီရင်သင့်တယ်လို့ တရားရေးဝန်ကြီး ဆာလစ် အယ်လ် မာဂါနီက ပြောပါတယ်။ “ခါတာလာနဲ့ တခြားလူတွေကို အမှုတွေနဲ့ အလိုရှိတယ်။ ဘန်ဂါဇီလုံခြုံရေးအခြေအနေက ကျိုးပျက်နေလို့ ဒီအမိန့်တွေကို အာဏာတည်အောင် မလုပ်နိုင်လို့ လုံခြုံရေးတပ်တွေက သူတို့ကို လွှတ်ထားရတာ” လို့ ပြောပါတယ်။ အမေရိကန်သမ္မတ အိုဘားမားကတော့ လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့စွန်မှာ ခါတာလာကို ဖမ်းဖို့ အမေရိကန်ကွန်မန်ဒိုတွေရဲ့ စစ်ဆင်ရေးကို သူအမိန့်ပေးခဲ့တယ်လို့ ပြောပါတယ်။ ၂၀၁၂ ဘန်ဂါဇီမြို့မှာ ရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံး စီးနင်းမှုအတွင်း သံအမတ်ကြီးအပါအ၀င် အမေရိကန်နိုင်ငံသား ၄ ယောက် အသတ်ခံခဲ့ရပါတယ်။ လစ်ဗျား အာဏာရှင် မွမ်မာ ကဒါဖီကို ဖြုတ်ချရာမှာ ကူညီခဲ့တဲ့ ပြည်သူ့စစ်တွေကို မထိန်းချုပ်နိုင်တဲ့ လစ်ဗျားနိုင်ငံအတွင်း ဥပဒေကင်းမဲ့မှုတွေ ပိုများလာတာကို လစ်ဗျားအစိုးရက ရင်ဆိုင်ရုန်းကန်နေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up