ဟွန်ဒူးရပ်စ် ရွှေ့ပြောင်းနေထိုင်သူများကို အမေရိကန် နေရပ်ပြန်ပို့

အလယ်အမေရိက ကနေ ထွက်ပြေးလာပြီး အမေရိကန်နိုင်ငံအတွင်းကို နယ်စပ်ဖြတ်ကျော် ၀င်ရောက်ဖို့ ကြိုးစားကြတဲ့ ဟွန်ဒူးရပ်စ်နိုင်ငံက ကလေးငယ်အများအပြားပါဝင်တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို အမေရိကန်အစိုးရက နေရပ် ပြန်ပို့လိုက်ပါတယ်။ USသီတင်းပတ်တိုင်းမှာ လေယာဉ် ၃ စီးစာ ဟွန်ဒူးရပ်စ် ရွှေ့ပြောင်းနေထိုင်သူတွေကို အိမ်ပြန်ပို့နေရတယ်လို့ အစီရင်ခံပါတယ်။ ဟွန်ဒူးရပ်စ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကောင်စစ်ဝန်ရေးရာ ညွှန်မှူး အိုင်ဗိုနီ ဘိုနီလာက လူ့အခွင့်အရေးလုပ်ထုံးအတိုင်း ကလေးတွေဟာ ဘေးကင်းကင်းနဲ့ အိမ်ပြန်ရောက်ကြတယ်လို့ ပြောပါတယ်။ အမေရိကန်လုံခြုံရေးဝန်ကြီး ဂျွန်ဆင်က “အောက်တိုဘာကနေ မေလအတွင်း အလယ်အမေရိကန်က အများစုဖြစ်တဲ့ အုပ်ထိန်းသူ မပါတဲ့ လူငယ် အယောက် ၄၇၀၀၀ ကျော် နယ်စပ်ကို ဖြတ်ကျော် ၀င်ရောက်ခဲ့ကြတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၁၂ လက ၀င်ခဲ့တဲ့ ဦးရေရဲ့ ၂ ဆ ဖြစ်တယ်” လို့ ဆိုပါတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေဟာ မက္ကဆီကို ရာဇ၀တ်ဂိုဏ်းတွေက လူသစ်စုဆောင်းတာကို ရင်ဆိုင်ရပြီး အမျိုးသမီးတွေဟာလည်း မကြာခဏ မုဒိမ်းကျင့်ခံရတာနဲ့ ပြည့်တန်ဆာ လုပ်ဖို့ အတင်းခိုင်းစေခံရတာတွေ ရှိနေပါတယ်။ ဟွန်ဒူးရပ်စ်နိုင်ငံဟာ အမေရိကတိုက်မှာ အဆင်းရဲဆုံးနိုင်ငံတွေထဲက တခု ဖြစ်ပြီး တိုင်းပြည်စီးပွားရေးဟာ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ပြန်ပို့ငွေ၊ အထည်အလိပ်နဲ့ ကော်ဖီတင်ပို့မှုကနေ ရတဲ့ ငွေတွေအပေါ် မှီခိုနေရတာပါ။ နယ်စပ်ဖြတ်ကျော် ကလေးရွှေ့ပြောင်းနေထိုင်သူတွေအရေးကို ဖြေရှင်းဖို့ အမေရိကန် ဒုသမ္မတ ဂျိုးဘိုင်ဒင်းက ဟွန်ဒူးရပ်စ်နိုင်ငံကို ဒီအပတ်ထဲမှာ လည်ပတ်ရင်း အရာရှိတွေနဲ့ တွေ့ဆုံဖို့ အစီအစဉ် ရေးဆွဲထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up