Home
မြန်မာသတင်း
လက်အောက်ခံအဖွဲ့များကို ကြပ်မတ်ရန် ကေအန်ယူကို တိုင်းအစိုးရစာပို့
နော်နိုရင်း
·
June 17, 2014
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) လက်အောက်ခံအဖွဲ့တွေကို စနစ်တကျ ကြပ်မတ်ဖို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကေအန်ယူထံ ကန့်ကွက်စာပို့ထားပါတယ်။ knuကရင်အမျိုးသားအစည်း အရုံး (ကေအန်ယူ) လက်အောက်ခံ မြိတ်/ ထားဝယ်ခရိုင် အနေနဲ့ ဆင်ဖြူ တိုင်ရွာအနီးမှာ ကရင်အမျိုးသားရဲတပ်ဖွဲ့ ကနေ ဆိုင်းဘုတ်ထောင်ပြီး ရဲတပ်ဖွဲ့၊ အကောက် ခွန်၊ သစ်တော စတဲ့လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးအောက်ရှိ ဌာန၊ အဖွဲ့အစည်း တွေနဲ့ ထင်ယောင်ထင် မှားဖြစ်စေနိုင်ပြီး ဒေသခံ ပြည်သူတွေ၊ ပြည်တွင်းပြည်ပခရီးသွားတွေအပေါ် အနှောင့်အယှက်ဖြစ်ပေါ် စေနိုင်တဲ့အပြင် တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်လာနိုတဲ့အတွက် မိမိလက်အောက်ခံ တပ်ဖွဲ့တွေကို စနစ်တကျ ကြပ်မတ်ကွပ်ကဲဖို့ ပေးပို့တဲ့စာမှာ ဖော်ပြပါတယ်။ ဒီစာကို  မြိတ်/ ထားဝယ်ခရိုင်ဥက္ကဋ္ဌ ပဒိုစောဘီးလယ်၊ တပ်မဟာ၎မှူး ဗိုလ်မှူးချုပ်စောဒါးကျော်လုနဲ့   ကေအန်ယူ အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းတို့ထံ လိပ်မူထားပါတယ်။ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်သိန်း ကတော့  ကေအန်ယူတပ်ဖွဲ့ဝင်တွေအနေနဲ့ ရွာတွေမှာ ပိုက်ဆံတောင်းတဲ့အတွက် ကန့်ကွက်စာပို့ရတာလို့ ပြောပါတယ်။ ဒီကန့်ကွက်မှုနဲ့ပတ်သက်ပြီး ကေအန်ယူ မြိတ်/ ထားဝယ်ခရိုင်ဥက္ကဋ္ဌ ပဒိုစောဘီးလယ်ကတော့ အခွန်ကောက်တဲ့ကိစ္စနဲ့ပတ်သက်ပြိး အဖွဲ့အစည်းရဲ့ စည်မျဉ်းအတိုင်း လုပ်ဆောင်နေသလို အပစ်အခတ်ရပ်စဲရေး မပြီးပြတ်သေးတဲ့ကာလမှာ လူထုဆီ အကူညီတောင်းရမယ်လို့ ပြောပါတယ်။ ကေအန်ယူရဲတပ်ဖွဲ့ကို ၁၉၉၈ ခုကတည်းက စတင်ဖွဲ့စည်းထားပြီး အခုလို ကန့်ကွက်တာဟာ ကေအန်ယူဖွဲ့စည်းပုံကို မသိတဲ့အတွက် ဖြစ်တယ်လို့ ဆယူကြောင်း ပြောပါတယ်။ ဒါ့အပြင် လက်ရှိမှာလည်း ကေအန်ယူရဲတပ်ဖွဲ့ဟာ တပ်မဟာ ၁။ ၂ ၃၊ ၆၊ ၇မှာ အစိုးရရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်လို့ ပြောပါတယ်။ ကေအန်ယူ မြိတ်/ထားဝယ်ခရိုင် တပ်မဟာ ၄ ဒေသမှာ ဒီလ ၁၃ ရက်နေ့မနက်က ပြောင်းခူးရာက ပြန်လာတဲ့ ကေအန်အယ်လ်အေက စစ်သည်နှစ်ဦးကို ဒေသအခြေစိုက် အစိုးရနယ်မြေခံ ခမရ ၅၅၂ ရဲ့ စစ်သာတွေက ပစ်ခတ်ပြီး စခန်းကိုလည်း ၀င်ရောက်ပစ်ခတ်ခဲ့ပါတယ်။ ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး နှစ်ဖက်အပြန်အလှန် ညှိနှိုင်းတင်ပြမှုတွေ လုပ်ဆောင်နေတယ်လို့လည်း ပဒိုဘီးလယ်က ဒီဗွီဘီကို ပြောပါတယ်။ အပြည့်အစုံ အသံဖိုင်နားဆင်ရန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024