အဲအေးရှား ရန်ကုန်- ဘန်ကောက်- တောင်ကိုရီးယား စတင်ပြေးဆွဲ

လိုက်ပါစီးနင်း အားပေးသူများလာတဲ့အတွက် အဲအေးရှား လေကြောင်းလိုင်းဟာ လာမယ့် ဇွန်လ ၁၇ ရက်နေ့ကစပြီး ရန်ကုန်- ဘန်ကောက်- တောင်ကိုရီးယား ခရီးစဉ် စပြေးဆွဲတော့မယ်လို့ လေကြောင်းလိုင်း အမှုဆောင် အရာရှိချုပ် Mr.Nadda က ပြောပါတယ်။ AirAsia_X_Airbus_A330-300_Nazarinia-3ဇွန်လ ၁၆ ရက်နေ့က လုပ်တဲ့ လေကြောင်းခရီး စဉ် သစ် မိတ်ဆက်ပွဲမှာ သူက ခုလိုပြော လိုက်တာ ဖြစ်ပြီး ခရီးသည် ၃၇၀ ကျော် လိုက်ပါနိုင်တဲ့ အဲဘတ်စ် A-330-300 အမျိုးအ စား လေယာဉ်ကြီးတွေ နဲ့ ပြေးဆွဲမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ တနှစ်အတွင်း မြန်မာနိုင်ငံကနေ တောင်ကိုရီးယားနိုင်ငံကို သွားခဲ့တဲ့ ခရီးသည် စုစုပေါင်း ၆ သောင်းကျော် ရှိခဲ့တာကြောင့် အခု ခရီးစဉ် တိုးချဲ့ ပြေးဆွဲရတာလို့ သူက ရှင်းပြပါတယ်။ ခုလို ခရီးစဉ် တိုက်ရိုက် ချိတ်ဆက်ပြေးဆွဲတာကြောင့် ခရီးသည်တွေအနေနဲ့ ကိုယ့်ရဲ့ ၀န်စည်စလွယ်တွေကို ခရီးစဉ်အစမှာ တကြိမ်တည်း အပ်နှံပြီး ခရီးဆုံးရောက်မှ ထုတ်ယူနိုင်သလို၊ ဗီဇာ စစ်ဆေးတာကိုလည်း တကြိမ်တည်းပဲ ဖြတ်သန်းရမယ်လို့ သူက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up