Sunday, June 11, 2023
HomeLead Storyလားရှိုးဂေါက်ကလပ်အနီး ယာဉ်တိုက်မှုဖြစ်ပြီး ၂ ဦး သေဆုံး

လားရှိုးဂေါက်ကလပ်အနီး ယာဉ်တိုက်မှုဖြစ်ပြီး ၂ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-နမ္မတူ လမ်းမကြီး၊ လားရှိုးဂေါက်ကလပ်နားမှာ ဧပြီ ၁ ရက် မနက် ၉ နာရီလောက်က ယာဉ်တိုက်မှုတခု ဖြစ်ပွားခဲ့ပြီး အမျိုးသား ၂ ယောက်  သေဆုံးကာ ၁ ယောက်  ဒဏ်ရာရခဲ့တယ်လို့ လားရှိုး ပြည်သူဆေးရုံကြီးက သိရပါတယ်။

လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့ဝင်တဦးက “ဖောကားနဲ့ ဆိုင်ကယ် နှစ်စီး တိုက်မိတာ။ နှစ်ယောက်က သေတယ်။ တယောက်က လားရှိုးပြည်သူ့ဆေးရုံကြီးမှာ စိုးရိမ်လူနာအဖြစ် ပို့ထားတယ်” လို့ ပြောပါတယ်။ 

ဖြစ်စဉ်နဲ့ပတ်သက်လို့ ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူတို့ရဲ့ အမည်၊နေရပ်ကို မသိရှိရ​သေးဘဲ သိရှိပါက မိသားစုဝင်တွေဆီ အမြန်ဆုံးဆက်သွယ် အကြောင်းကြားပေးဖို့ လားရှိုး လူငယ်များလူမှုကူညီရေးအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။ 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular