Friday, June 9, 2023
HomeLead Storyရေးမြို့နယ်တွင် အိမ်စီးကား ၁ စီး သေနတ်ဖြင့်ပစ်ခံရ၊ ၂ ဦး ဒဏ်ရာရ

ရေးမြို့နယ်တွင် အိမ်စီးကား ၁ စီး သေနတ်ဖြင့်ပစ်ခံရ၊ ၂ ဦး ဒဏ်ရာရ

မွန်ပြည်နယ် ရေး – သံဖြူဇရပ်ကားလမ်းမှာ ဧပြီ ၁ ရက် မနက် ၆ နာရီခွဲက အိမ်စီးကား ၁ စီး သေနတ်နဲ့ပစ်ခတ်ခံရပြီး ကားပေါ်ပါ လင်မယား ဒဏ်ရာရခဲ့တယ်လို့ အဲဒီမိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

လမိုင်းဒေသခံ လင်မယားနှစ်ယောက်ဟာ အိမ်စီးကားနဲ့အတူ မော်လမြိုင်ဘက်ကို ဆေးခန်းပြဖို့ သွားစဥ် အေးကမ္ဘာနဲ့ဘေးလမိုင်းကြားမှာ ပစ်ခတ်ခံခဲ့ရတာလို့ ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့ဝင် တဦးက ပြောပါတယ်။

“မိသားစုဝင် ၃ ယောက်ထဲမှာ သားဖြစ်သူက ဘာမှမဖြစ်ဘူ။ အဖေဖြစ်သူ ဦးမျိုးထွန်း (အသက် ၄၃နှစ်) က နောက်ကျောဘက် သေနတ် ၂ ချက်ထိမှန်ပြီး အမေဖြစ်သူ မဟလယ် (အသက် ၅၂ နှစ်) က ​ကားပေါ်ကနေ ပြေးအဆင်းမှာ ခြေထောက်မှာ သေနတ်ဒဏ်ရာတွေ ရခဲ့တယ်။ လမိုင်း ဆေးရုံကနေ မော်လမြိုင်ပြည်သူ့ဆေးရုံကို အရေးပေါ် ပို့ဆောင်ပေးရတယ်” လို့  ပြောပါတယ်။

အဲဒီလမ်းမှာ ဒီမနက် စစ်တပ်နဲ့ PDF တို့ ပစ်ခတ်မှုဖြစ်နေပြီး အဲဒီကြားက ကားက ဖြတ်ဝင် မိတာကြောင့် ကားရော လူပါ သေနတ်ထိမှန်ခဲ့တာလို့ ဒေသခံတချို့က ပြောပါတယ်။

အခုတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေဟာ စစ်တပ်နဲ့ PDFတွေရဲ့ စစ်ရေးလှုပ်ရှား နယ်မြေလည်း ဖြစ်သလို စစ်ကောင်စီနဲ့ PDF တွေရဲ့ အခုနောက်ဆုံး ပစ်ခတ်မှု အခြေနေကို မသိရသေးပါဘူး။

ရေး-သံဖြူဇရပ်ကားလမ်းမှာ စစ်ယာဥ်တန်းနဲ့ အနီးနား ကပ်မလိုက်ကြဖို့ ​သေကာကွယ်​ရေး တပ်ဖွဲ့တွေကသတိပေးပြောဆိုထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular