
ပဲခူးတိုင်း၊ ဝေါမြို့နယ်နဲ့ သနပ်ပင်မြို့နယ်ကို ဆက်သွယ်ထားတဲ့ ညောင်သုံးခွရွာအနီး တာဘောင်ကို စစ်ကောင်စီတပ်က မတ်၂၉ ရက်နေ့မှာ မြေတူးစက်နဲ့ ဖျက်ဆီးလိုက်တယ်လို့ လမ်းပန်းဆက်သွယ်ရေး အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တာဘောင်ဖျက်လိုက်လို့ လမ်းပိတ်သွားလို့ ကား၊ နွားလှည်း၊ ထော်လာဂျီနဲ့ ဆိုင်ကယ် ဖြတ်သန်းသွားလာလို့ မရတော့အခါရွာ ရွာ ၅ ရွာ အသုံးပြုနေတဲ့ ကုန်ထုတ်လမ်းကြောင်းနဲ့ လူမှုရေးကျန်းမာရေးက အစ အခက်ခဲတွေနဲ့ကြုံရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ညောင်သုံးခွရွာသားတယောက်က “ရွာကလူတွေအတွက် စားနပ်ရိက္ခာ သယ်ယူသွားလာလို့မရတော့။ အခုလက်ရှိမှာ အလုပ်ကလည်းမရှိ ကုန်စျေးနှုန်းလည်းကြီး၊ စစ်တပ်ရဲ့ ကင်းပုန်းလည်းရှိ၊ တခါတရံ စစ်ဆေးမေးမြန်းတာဖမ်းဆီးခံ ရတာလည်းရှိတယ်။ အခုဒီနယ်မြေမှာဘာတိုက်ပွဲမှ သိပ်မရှိဘဲနဲ့ PDF တွေ တပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခံရမှာစိုးပြီး အခုလို လမ်းပိတ်တားမြစ်လိုက်တာ”လို့ ပြောပါတယ်
ပဲခူးတိုင်းမှာတော့ စစ်ကောင်စီတပ်တွေ နေ့စဥ်နီးပါးလိုလို တိုက်ခိုက်ခံနေရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ထိခိုက်ဒဏ်ရာရ အကျဆုံးလည်းများနေပါတယ်။