Friday, June 9, 2023
HomeLead Storyဂျပန်နိုင်ငံခြားရေးဝန်ကြီး တရုတ်နိုင်ငံသို့ သွားမည်

ဂျပန်နိုင်ငံခြားရေးဝန်ကြီး တရုတ်နိုင်ငံသို့ သွားမည်

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာယာရှီဟာ ဂျပန်ဆေးဝါးကုမ္ပဏီဝန်ထမ်းတဦးကို ဖမ်းဆီးထိန်းသိမ်းမှုအပါအဝင် တခြားကိစ္စရပ်တွေကိုပါ ဆွေးနွေးနိုင်ဖို့အတွက်  တရုတ်နိုင်ငံ ပေကျင်းမြို့ကို ၂ ရက်ကြာ သွားရောက်မယ်လို့ မတ်လ ၃၁ ရက်က အတည်ပြုပြောပါတယ်။

တရုတ်နိုင်ငံရဲ့ အဆင့်မြင့်ချစ်ပ်ပြားထုတ်လုပ်နိုင်စွမ်းကို အဟန့်အတားဖြစ်အောင် ဂျပန်အစိုးရက အမေရိကန်နဲ့ တွန်းအားပေးမှုနဲ့အတူ တပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရေးဆိုင်ရာ ပို့ကုန် ၂၃ မျိုးအပေါ်ကန့်သတ်မယ့်အစီအစဉ်တွေကို ကြေညာခဲ့ပြီးနောက် ဒီခရီးစဉ် ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ဧပြီ ၁ ရက်နေ့မှာ ဒီခရီးစဉ် စတင်မှာပါ။

အက်စ်တဲလက်စ်ဆေးကုမ္ပဏီဝန်ထမ်းကိစ္စအပြင် ယိုယွင်းပျက်စီးနေတဲ့ ဖူကူရှီးမား ဒိုင်အီချီ နျူးကလီးယား ဓာတ်အားပေးစက်ရုံက စွန့်ပစ်ရေတွေကို ပင်လယ်ထဲလွှတ်ချခဲ့ခြင်း ရှိ၊ မရှိ မေးမြန်းရာမှာ ဟာယာရှီက “ကျနော့်ရဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်း ဒီကိစ္စတွေနဲ့အတူ တခြားပြဿနာများစွာအတွက် ဂျပန်နိုင်ငံရဲ့ ရပ်တည်ချက်အပေါ် ရှင်းလင်းအောင် လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်” လို့ ဖြေဆိုပါတယ်။

တရုတ်နိုင်ငံမှာ အက်စ်တဲလက်စ်ကုမ္ပဏီက အလုပ်ခန့်ထားတဲ့ ဂျပန်အမျိုးသားတဦးဟာ အကြောင်းရင်းမသိရဘဲ ဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်ကြောင်း မတ်လ ၂၆ ရက်မှာ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

တရုတ်အာဏာပိုင်တွေအနေနဲ့ ဒီအမျိုးသားကို ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရဘက်က တောင်းဆိုထားတယ်လို့လည်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular