Friday, June 9, 2023
HomeLead Storyသာကေတတွင် မီးကြိုးတက်ပြင်သည့် လျှပ်စစ်ဝန်ထမ်း ၁ ဦး ဓာတ်လိုက်သေဆုံး

သာကေတတွင် မီးကြိုးတက်ပြင်သည့် လျှပ်စစ်ဝန်ထမ်း ၁ ဦး ဓာတ်လိုက်သေဆုံး

ရန်ကုန်တိုင်း၊​ သာ​ကေတမြို့နယ်မှာ မတ်လ ၃၀ ရက် ညနေပိုင်းက လျှပ်စစ်ဝန်ထမ်းတဦး လမ်း​ဘေးဓာတ်တိုင်​ပြုပြင်စဉ် ဓာတ်လိုက်သေဆုံးသွားပါတယ်။

သာကေတမြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ ရွှေပြည်သာလမ်းမနဲ့ ဝေဇယန္တာလမ်းမကြီးအနီး မီးကြိုးပြုပြင်ဖို့ လျှပ်စစ်ဝန်ထမ်းတဦး ဓာတ်တိုင်ပေါ်တက်သွားပြီး ဓာတ်လိုက်သေဆုံးခဲ့တာ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ညနေ ၆ နာရီလောက်မှာ ရွှေပြည်သာလမ်းမ​ကြီးနဲ့ ဝေဇယန္တာလမ်းမကြီးထောင့်က ဓာတ်တိုင်​ပေါ်ကို မီးကြိုးတွေတက်ပြင်နေရင်း ဓာတ်တိုင်ပေါ်မှာပဲ ဓာတ်လိုက်သေဆုံးသွားတာ။ ဘယ်သူမှလည်း တက်မဖြုတ်ရဲဘူး။ လူနာတင်ကားတွေလာပြီး မှပဲ သေဆုံးသူအလောင်းကို တက်ဖြုတ်ရတယ်” လို့ ရွှေပြည်သာလမ်းမကြီးအနီး နေထိုင်သူတဦးက ပြောပါတယ်။

ဓာတ်မီးကြိုးပြုပြင်စဉ် ဓာတ်လိုက်သေဆုံးခဲ့တဲ့ လျှပ်စစ်ဝန်ထမ်းဟာ အသက် ၃၀ ဝန်းကျင် အမျိုးသားတဦးဖြစ်ပြီး သာကေတမြို့နယ် လူမှုကူညီရေးအသင်းအဖွဲ့တွေက ဓာတ်တိုင်ပေါ်ကနေ ဖြုတ်ချသယ်ယူပြီး သင်္ဃန်းကျွန်း စံပြဆေးရုံ ပို့ဆောင်ပေးထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular