Thursday, June 8, 2023
HomeLead Storyထိုင်းတွင် ဆေးခြောက်ကွတ်ကီးကြောင့် ကလေးငယ်များ ထိခိုက်ခဲ့သဖြင့် သတိပေးချက်ထုတ်ပြန်

ထိုင်းတွင် ဆေးခြောက်ကွတ်ကီးကြောင့် ကလေးငယ်များ ထိခိုက်ခဲ့သဖြင့် သတိပေးချက်ထုတ်ပြန်

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဆေးခြောက်နဲ့ဖန်တီးပြုလုပ်ထားတဲ့ ကွတ်ကီးကြောင့် ကလေးငယ် အမြောက်အမြား ဆေးရုံတက် ကုသနေရတဲ့အတွက် ထိုင်းအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) က အထူးသတိပေးချက် ထုတ်ပြန်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ တခုဖြစ်တဲ့ The Thaiger သတင်းဌာနက မတ်လ ၂၉ ရက်မှာ ဖော်ပြထားပါတယ်။

FDA ခွင့်ပြုချက်ပေးထားတာ မရှိတဲ့ စိတ်ကြွဒြပ်ပေါင်း တက်ထျာဟိုက်ဒြိုကန်နာဘီနော (THC) အလွန်အကျွံပါဝင်နေတဲ့ ချောကလက်ကွတ်ကီး အပါအဝင် ဆေးခြောက်နဲ့ပြုလုပ်တဲ့ အစားအစာတချို့က နိုင်ငံတွင်းကို မှောင်ခိုဝင်ရောက်လာပြီး ဈေးကွက်မှာ ဖြန့်ဖြူးနေတဲ့အတွက် ထိုင်းနိုင်ငံတောင်ပိုင်းက ကလေးငယ်တွေ စားသောက်မိပြီး ဆေးရုံတက် ကုသခဲ့ရတာလို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ် ဇွန် ၉ ရက်က စတင်ပြီး ဒေသတွင်းမှာ ဆေးခြောက်ကို တရားမဝင် မူးယစ်ဆေးဝါး အဖြစ်ကနေ ပယ်ဖျက်ခဲ့တာဖြစ်ပြီး ဆေးခြောက်နဲ့ပြုလုပ်တဲ့ အစားအသောက်စျေးကွက်ကနေ နိုင်ငံ့ဝင်ငွေ တိုးတက်ဖို့အတွက် ပမာဏသတ်မှတ်ပြီး စားသောက်ကုန်တွေမှာ ထည့်သွင်းဖို့ FDA အသိအမှတ်ပြု ရောင်းချစေခဲ့တာပါ။

ထိုင်း FDA က အဓိက သတိပေးလိုက်တဲ့ ကွတ်ကီးကတော့ Twix Chocolate လို့ အမည်ရပြီး နှစ်ခုပါတထုပ်မှာ THC 600 မီလီဂရမ်ပါရှိပြီး FDA ခွင့်ပြုချက်မှာ ကွတ်ကီးတထုပ်မှာ ၁ ဒသမ ၅ မီလီဂရမ်ထက် ပိုမိုထည့်သွင်း ပြုလုပ်တာကို တားမြစ်ထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ထိုင်း FDA က အသက် ၂၀ အောက် ကလေးသူငယ်တွေကို မသုံးဖို့ တားမြစ်ထားပြီး မိဘတွေအနေနဲ့လည်း အထူးသတိထား ကွပ်ကဲကြပ်မတ်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ မတ်လ ၈ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ တာမွေမြို့နဲ့ လမ်းမတော်မြို့တွေမှာ အမျိုးသားတဦးနဲ့ အမျိုးသမီးနှစ်ဦးတို့ကို ဆေးခြောက်နဲ့ပြုလုပ်ထားတဲ့ ကွတ်ကီးတွေနဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး မူးယစ်ဥပဒေနဲ့ အရေးယူထားတယ်လို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular