လစ်ဗျားကမ်းရိုးတန်းတွင် ရွှေ့ပြောင်းနေထိုင်သူများ လေမှောက်၊ ၁၀ ဦး သေဆုံး

ရွှေ့ပြောင်းနေထိုင်သူတွေကို တင်လာတဲ့လှေတစီး လစ်ဗျားကမ်းရိုးတန်းမှာ နစ်မြုပ်ခဲ့လို့ လူ ၁၀ ယောက် သေဆုံးတယ်လို့ အီတလီရေတပ်က ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့က ပြောပါတယ်။ Handout picture of migrants walking aboard the Italian navy ship Scirocco during a rescue operation about 40 nautical miles off the coast of Libyaဇွန် ၁၃ ရက်နေ့က အီတလီ ကမ်းရိုးတန်းစောင့် တပ်နဲ့ ရေတပ်တို့က လစ်ဗျားမြောက်ပိုင်း ကမ်းလွန်ရေမိုင် ၄၀ အကွာမှာ နစ်မြုပ်ခဲ့တာပါ။ လူ ၃၉ ယောက်ကို ကယ်တင်ခဲ့ပြီး  အလောင်း ၁၀ လောင်း ကောက်ယူ ခဲ့ရတယ်လို့ ပြောပါတယ်။ ရွှေ့ပြောင်းသူတွေ ဘယ်နိုင်ငံသားဆိုတဲ့ သတင်းအချက်အလက်တော့ မရသေးပါဘူး။ သူတို့ကို အီတလီ ထောက်ပို့သင်္ဘောပေါ် လွှဲပြောင်းပေးပြီး ဖြစ်ပါတယ်။ အာဖရိကနဲ့ ဆီးရီးယားကနေ ဥရောပကို ရောက်အောင် ကြိုးစားကြတဲ့ ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ကြား နောက်ဆုံး သေဆုံးမှုကို အစီရင်ခံတာလည်း ဖြစ်ပါတယ်။ ဒီနှစ်အတွင်း မြောက်အာဖရိကကနေ အီတလီကို လာတဲ့ ရွှေ့ပြောင်းနေထိုင်သူ အနည်းဆုံး အယောက် ၅ သောင်း ရှိပြီး ၂၀၁၃ ခုနှစ် ၁ နှစ်လုံးမှာတော့ အယောက် ၄ သောင်းသာ ရှိခဲ့တယ်လို့ အီတလီ ကမ်းရိုးတန်းစောင့် အာဏာပိုင်တွေက ပြောပါတယ်။ ၂၀၁၁ အာရပ်နွေဦးတော်လှန်ရေးအတွင်း နယ်စပ်ထိန်းချုပ်မှု လျော့ရဲနေစဉ် ၁ နှစ်အတွင်း စုစုပေါင်း ထွက်ပြေးလာသူ အယောက် ၆ သောင်းစံချိန်ကို ချိုးမယ့်ပုံပေါ်တယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။ အီတလီနိုင်ငံတွင်း ရွှေ့ပြောင်းနေထိုင်သူတွေကို ထားဖို့ အခြေခံအဆောက်အဦတွေကို ဘဏ္ဍာရေး ထောက်ပံ့ဖို့ အရေးပေါ်ရန်ပုံငွေအတွက် ဥရောပသမဂ္ဂက ယူရိုငွေ သန်း ၃၀ ကတိပြုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up