Friday, June 9, 2023
HomeLead Storyမယ်ခါးထာ့စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံး၊ ၇ ဦးဒဏ်ရာရရှိ

မယ်ခါးထာ့စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံး၊ ၇ ဦးဒဏ်ရာရရှိ

ထိုင်း-မြန်မာနယ်စပ်  ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ကေအန်ယူ တပ်မဟာ ၅ နယ်မြေ သံလွင်မြစ် ကမ်းပေါ်ရှိ မယ်တရိထာ(ခေါ်) မယ်ခါးထာ့စစ်ကောင်စီတပ်စခန်း သိမ်းပိုက်မှုအတွင်း စစ်ကောင်စီဘက်က ၁၆ ဦး သေဆုံးကာ ၇ ဦးဒဏ်ရာရခဲ့တယ်လို့ KNU မူတြော်က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ မယ်ခါးထာ့စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က မတ် ၂၈ ရက် မနက်က  ၄၅ မိနစ်ကြာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်သား ၇ ဦးထဲက ၅ ဦးဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို ကူးခတ်လွတ်မြောက်သွားပြီး  ထိုင်းတော်ဝင်တပ်မတော်က နီးစပ်ရာ ထိုင်းပြည်သူ့ဆေးရုံမှာ ဆေးကုသပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

စခန်းသိမ်းပိုက်မှုအတွင်း စစ်ကောင်စီရဲ့ လက်နက်မျိုးစုံဖြစ်တဲ့ MA-1, MA-2, MA-4, RPG-7, ၆၀ မမ စိန်ပြောင်း၊ စက်လတ်နဲ့ စနိုက်ပါ စုစုပေါင်း ၂၃ လက်နဲ့ ကျည် ၃၃၆၀ တောင့်အပြင် ဆက်သွယ်ရေးစက် ၂ လုံး၊ စကားပြောစက် ၂ လုံး၊ ဖုန်း ၂ လုံး၊ ဓာတ်ခဲဘူး ၄ ဘူးနဲ့ စစ်ဘောင်းဘီ ၂ ထည် သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲအတွင်း KNLA နဲ့  FFD ပူးပေါင်းတပ်ဘက်က ၁ ဦး ကျဆုံးပြီး ၈ ဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ ဖော်ပြပါတယ်။

မယ်တရိထာ(ခေါ်)မယ်ခါးထာ့စခန်းဟာ ယခင် KNLA၊ တပ်ရင်း ၂၀ အခြေစိုက်ရာဒေသဖြစ်ကာ ၁၉၉၅ ခုနှစ် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုဌာနချုပ်-မာနယ်ပလောကျဆုံးအပြီး အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်သိမ်းယူထားတာလို့ ဆိုပါတယ်။

သော်လဲထကျေးရွာနဲ့ မျက်နှာချင်းဆိုင် သံလွင်မြစ်ဘက်ကမ်းက စစ်ကောင်စီတပ်စခန်းအပါအဝင် ဒါးကွင်၊ မယ်ခါးထာ့စခန်းတွေဟာ ၁၉၉၅ ခု ဒီကေဘီအေ ငြိမ်းချမ်းရေးယူပြီး နောက်ပိုင်း အဆိုပါဒေသတွေထဲကို စစ်တပ်တွေက ဝင်ရောက် နေရာယူခဲ့တာဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular