Friday, June 9, 2023
HomeLead Storyဉာဏ်ရည်တုစက်ရုပ် ChatGPT က လွှတ်တော်တွင် ဂျပန်ဝန်ကြီးချုပ်ကို မေးခွန်းထုတ်

ဉာဏ်ရည်တုစက်ရုပ် ChatGPT က လွှတ်တော်တွင် ဂျပန်ဝန်ကြီးချုပ်ကို မေးခွန်းထုတ်

ဂျပန်ဝန်ကြီးချုပ် ဖူမိယိုကီရှီဒါဟာ မတ်လ ၂၉ ရက်က ဂျပန်အောက်လွှတ်တော် အစည်းအဝေးမှာ OpenAI ရဲ့ စကားပြောစက်ရုပ် ChatGPT က မေးမြန်းတဲ့ မေးခွန်းတခုကို ဖြေကြားခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဒီမိုကရက်တစ်ပါတီရဲ့ အတိုက်အခံအမတ် ကာဇုမ နာကာတာနိက သူဟာ ဉာဏ်ရည်တုစက်ရုပ်ကို မေးခွန်းမေးမြန်းခဲ့တဲ့အကြောင်း အစည်းအဝေးမှာ ပြောပြပါတယ်။

အေအိုင်စက်ရုပ်သာ ဂျပန်နိုင်ငံက အောက်လွှတ်တော်အမတ်ဖြစ်ခဲ့ရင် ဝန်ကြီးချုပ် ကီရှီဒါကို ဘာမေးခွန်းမေးမလဲလို့ မေးမြန်းခဲ့တာပါ။

အဲဒီနောက် အတိုက်အခံအမတ် နာကာတာနိဟာ ကပ်ရောဂါဆိုင်ရာ မူဝါဒပြင်ဆင်ချက် မူကြမ်းအကြောင်း ဆွေးနွေးနေချိန်အတွင်း ဝန်ကြီးချုပ် ကီရှီဒါအတွက် မေးခွန်းတွေထုတ်ဖို့ ChatGPT ကနေ ထုတ်ပေးတဲ့မေးခွန်းကို အသုံးပြုခဲ့ပါတယ်။

အဲဒီမေးခွန်းကို ဝန်ကြီးချုပ် ကီရှီဒါက ဖြေဆိုပြီးနောက်မှာ အတိုက်အခံအမတ် နာကာတာနိက “ဝန်ကြီးချုပ်ရဲ့ တုံ့ပြန်မှု” ဆိုတဲ့ ChatGPT ဗားရှင်းကို တင်ပြခဲ့ပါတယ်။ အဲဒါကို တုံ့ပြန်ရာမှာ ဝန်ကြီးချုပ် ကီရှီဒါက စက်ရုပ်ရဲ့အဖြေကတောင် အသေးစိတ်အချက်အလက်တွေနဲ့ ပိုတောင်ကောင်းနေသေးကြောင်း လွှတ်တော်ထဲမှာ ရီရီမောမော ပြောကြားခဲ့ပါတယ်။

ဒီဖလှယ်မှုဟာ ဂျပန်နိုင်ငံရဲ့ လွှတ်တော်ဆွေးနွေးမှုမှာ ဉာဏ်ရည်တုနည်းပညာကို ပထမဆုံးအကြိမ် အသုံးချတာဖြစ်ပြီး ဝန်ကြီးချုပ် ကီရှီဒါကလည်း အစိုးရအရာရှိတွေဟာ  အနာဂတ်မှာ ဒီကိရိယာကို အသုံးပြုပြီး သတင်းအချက်အလက်ရှာဖွေကြမယ့် အလားအလာကိုလည်း အသိအမှတ်ပြုခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular