DVB Logo
Home
Lead Story
သန္တိသုခချိပ်ပိတ်မှု အာဏာအလွဲသုံးခြင်းဖြစ်ဟု မြန်မာရဟန်းတော်များအဖွဲ့ ကြေညာ
DVB
·
June 16, 2014
သန္တိသုခချိပ်ပိတ်မှု အာဏာအလွဲသုံးခြင်းဖြစ်ဟု မြန်မာရဟန်းတော်များအဖွဲ့ ကြေညာ
1 / 2
Donate to DVB

သန္တိသုခကျောင်းတိုက်ဖြစ်ရပ်ဟာ ဗုဒ္ဓရဲ့ အဆုံးအမနဲ့ ဆန့်ကျင်ပြီး အင်အားသုံး ဖယ်ရှားမှု၊ အပြစ်မရှိတဲ့ သံယာတော်တွေကို တဖက်သတ် အတင်း လူဝတ်လဲမှုတို့ဟာ မပြုလုပ်သင့်တဲ့ အာဏာအလွဲသုံး ပြုလုပ်ခြင်းဖြစ်ကြောင်း သာသနာဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

မဟာသန္တိသုခကျောင်းတော်ကြီးကို ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်ညမှာ နိုင်ငံတော်သံဃာ့ မဟာနာယက အဖွဲ့က အင်အားသုံး ၀င်ရောက်ချိပ်ပိတ်ခဲ့တဲ့အပေါ် အမေရိကန်နိုင်ငံ နယူးယောက်မြို့အခြေစိုက် သာသနာဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်က ဒီနေ့ ထုတ်ပြန် ကြေညာလိုက်တာပါ။

ဒီဖြစ်ရပ်ကို ထောက်ဆပြီး မတရားပြုမှုချက်ကို ကန်ကွက်ကြောင်းနဲ့ ဗုဒ္ဓနည်းလမ်းကျ အဆုံးအဖြတ်အတိုင်း အမြန် ဆောင်ရွက်ပေးဖို့ သက်ဆိုင်သူအားလုံးကို တောင်းဆိုလိုက်ကြောင်း ကြေညာချက်က ဆိုပါတယ်။

10336696_851184018242347_1918516359884857301_n

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013