Sunday, June 11, 2023
HomeLead Storyလှိုင်သာယာမြို့နယ်ရှိ Sweety Home ရေမြှုပ်မွေ့ရာစက်ရုံ မီးလောင်

လှိုင်သာယာမြို့နယ်ရှိ Sweety Home ရေမြှုပ်မွေ့ရာစက်ရုံ မီးလောင်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊  မောင်ကျန်သီးလမ်း၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ Sweety Home ရေမြှုပ်မွေ့ရာစက်ရုံမှာ ဒီနေ့ ညနေ သုံးနာရီခွဲက မီးလောင်မှုဖြစ်ပွားပြီး Level 3 အဆင့်နဲ့ မီးငြှိမ်းခဲ့သတ်ရတယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

Sweety Home ရေမြှုပ်မွေ့ရာစက်ရုံ မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ပရဟိအဖွဲ့တွေက ၁ နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ရွှေလင်ဗန်းကျေးရွာနေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မီးလောင်တာ ကျမတို့နဲ့နီးတယ်။ မီးသတ်ကားတွေရော၊ ပရဟိတကားတွေပါလာတာ။ လောင်တာ အတော်လေးကြာတယ်၊ ကားလမ်းတွေတောင်ပိတ်သွားတယ်။” 

အဆိုပါမီးလောင်မှုဖြစ်စဥ်ကို မီးသတ်ဦးစီးဌာနက စစ်ဆေးနေပြီး စက်ရုံအလုပ်သမားအချို့ မီးခိုးမွှန်ပြီး သတိလစ်မေ့မြောတာတွေ ရှိတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မီးသတ်က ဘာကြောင့်လောင်တာလဲဆိုတာ စစ်ဆေးနေတယ်။ ဆုံးရှုံးမှုတန်ဖိုးလည်း တွက်ချက်နေတယ်။ လူထိခိုက်မှုတော့မရှိဘူး၊ သတိလစ်မေ့မြောတာတော့ တယောက် နှစ်ယောက်ရှိတယ်။” 

Sweety Home ရေမြှုပ်မွေ့ရာစက်ရုံ မီးလောင်မှုကို မီးသတ်၊ စစ်ကောင်စီတပ်၊ ရဲနဲ့ မြို့နယ်ထွေအုပ်ပါ ရောက်ရှိပြီး စစ်ဆေးနေတယ်လို့ ရွှေလင်ဗန်း ကျေးရွာနေသူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ရန်ကုန်တိုင်းမှာ မီးလောင်မှု  ၂၄၄ ကြိမ်ဖြစ်ပွားခဲ့ပြီး ၇ ဦးသေဆုံးကာ ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular