Home
ရုပ်သံ
သင်္ဃန်းညီနောင်ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်သည့် မှတ်တမ်း (ရုပ်သံ)
DVB
·
March 29, 2023

ကရင်ပြည်နယ်၊ မြဝတီမြို့က သင်္ဃန်းညီနောင်ရဲစခန်းကို ဝင်ရောက်စီးနင်းခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို ကော်ဘရာစစ်ကြောင်း တပ်ခွဲ ၄ က ထုတ်လွှင့်ထားပါတယ်။

ကေအန်ယူ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ မြဝတီ နယ်စပ်ကုန်သွယ်ရေးဇုန်နဲ့ သင်္ဃန်းညီနောင်ရဲစခန်းတို့ကို မတ် ၂၅ ရက် မနက် ၅ နာရီခွဲလောက်မှာ KNLA တပ်ဖွဲ့၊ Cobra စစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်းနဲ့ ဒရုန်းအဖွဲ့တွေဖြစ်တဲ့ Federal Wings၊ Golden Eagle၊ ရောင်နီတို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

အဆိုပါ တိုက်ပွဲအတွင်းမှာတော့ ရဲတပ်ဖွဲ့ဝင် ၁၁ ယောက်သေဆုံးကာ ၈ ယောက်ကို အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်တွေလည်း အများအပြား သိမ်းဆည်းရရှိခဲ့သလို တိုက်ခိုက်မှုထဲမှာ ကုန်ပစ္စည်းတွေကို စစ်ဆေးတဲ့ X-ray စက် အပါအဝင် အကောက်ခွန်ရုံးနဲ့ စီးပွားကူးသန်းရုံးတို့ မီးလောင်ပျက်စီးခဲ့ပါတယ်။

လတ်တလောမှာတော့ မတ် ၂၅ ရက်ကနေ ၂၈ ရက်အထိ တိုက်ပွဲဆက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ဆက်လက်ပစ်ခတ်နေတယ်လို့ သိရပါတယ်။

မြဝတီ၊ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ မတ်လအတွင်း စစ်ကောင်စီတပ်နဲ့ KNU/KNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေပြီး ပြည်သူ့နေအိမ်တွေ ပျက်စီးတာတွေ ရှိနေပါတယ်။

စစ်ကောင်စီရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကရင်ပြည်နယ်က မြဝတီကုန်သွယ်ရေးဇုန်ကို တိုက်ခိုက်တာဟာ မိုက်မဲတဲ့လုပ်ရပ်ဖြစ်တယ်လို့ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်မှာ  ပြောထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024