Friday, June 9, 2023
HomeLead Storyအင်ဒိုနီးရှားအစိုးရက ဘေထုပ်အဝတ်အထည် ဒေါ်လာ ၅ သန်းကျော်ဖိုး မီးရှို့ဖျက်ဆီး

အင်ဒိုနီးရှားအစိုးရက ဘေထုပ်အဝတ်အထည် ဒေါ်လာ ၅ သန်းကျော်ဖိုး မီးရှို့ဖျက်ဆီး

အင်ဒိုနီးရှား ကာကွယ်ရေးဦးစီးချုပ်ရုံးဟာ ပြည်တွင်းအထည်အလိပ်လုပ်ငန်းကဏ္ဍကို အခက်အခဲ ဖြစ်စေတဲ့ ပြည်ပကနေ တရားမဝင် တင်သွင်းလာတဲ့ တပတ်ရစ် ဘေထုပ်အဝတ်အစား အိတ်ပေါင်း ၇၃၀၀ ကျော်ကို  မတ်လ ၂၈ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ကုန်သွယ်ရေးဝန်ကြီး ဇူလ်ခီဖလီဟာဆန်က “ဖျက်ဆီးခဲ့တဲ့ တပတ်ရစ် အဝတ်အထည်တန်ဖိုးဟာ ရူပီယာ ၈၀ ဘီလီယံ (ကန်ဒေါ်လာ ၅ ဒသမ ၃ သန်း) ဖိုးရှိပြီး အခုလက်ရှိအချိန်ထိ မှတ်တမ်းတင်ထားတဲ့ အမြင့်ဆုံးပမာဏဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်၊

မတ်လ ၂၀ ရက်ကလည်း အရှေ့ဂျားဗားမှာ ရူပီယာ ၁၀ ဘီလီယံ တန်ဖိုးရှိတဲ့ အဝတ်အိတ်ပေါင်း  ၈၀၀ ကျော်ကို ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။

ဝန်ကြီး ဇူလ်ခီဖလီ “အစိုးရဟာ အခု ကုန်ပစ္စည်းတင်သွင်းသူတွေကို ပစ်မှတ်ထားပြီး တရားမဝင် အဝတ်အထည်တင်သွင်းမှုကို အမြစ်ပြတ်ချေမှုန်းဖို့ မျှော်လင့်ထားတယ်။ အထက်က ရပ်ရင် လက်လီရောင်းချသူတွေလည်း ရပ်သွားမှာပါ” လို့ ‌ပြောပါတယ်။

ဒီနေ့လုပ်ဆောင်‌တာက ပြည်တွင်းအဝတ်အထည်နဲ့ ဖိနပ်ရောင်းချသူတွေ အပါအဝင် အဝတ်အထည်ကဏ္ဍမှာရှိတဲ့ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတွေကို ကာကွယ်ဖို့ အစိုးရရဲ့ ကြိုးပမ်းမှုတစိတ်တပိုင်းဖြစ်တယ်လို့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းဝန်ကြီး တီတန်မတ်စ်ဒူကီက ပြောပါတယ်။

တရားမဝင် တင်သွင်းလာတဲ့ အဝတ်အထည်လုပ်ငန်းဟာ အထည်ချုပ်လုပ်ငန်းရဲ့ ၃၁ ရာခိုင်နှုန်းအထိ ရှယ်ယာပါဝင်နေပြီး ဈေးကွက်ကို လွှမ်းမိုးထားကြောင်း၊ အဲ့ဒီကုန်သွယ်ပစ္စည်းတွေက အခွန်မဆောင်တဲ့အတွက် အစိုးရက ကြီးမားတဲ့ ဝင်ငွေကို ဆုံးရှုံးစေတယ်လို့လည်း သူကဆိုပါတယ်။

မတ်လအစောပိုင်းမှာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက နိုင်ငံတွင်းမှာရှိတဲ့ အထည်အလိပ် လုပ်ငန်းကို ထိခိုက်ပျက်စီးစေတယ်ဆိုပြီး တပတ်ရစ် အဝတ်အထည်တွေ တင်သွင်းမှုကို ပြင်းပြင်းထန်ထန် အရေးယူဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

Source/photo – CNA

RELATED ARTICLES
- Advertisment -
Google search engine

Most Popular