Friday, June 9, 2023
HomeLead Storyကျောက်တော်တွင် ကားတိုက်မှုဖြစ်ပြီး ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

ကျောက်တော်တွင် ကားတိုက်မှုဖြစ်ပြီး ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကွမ်းအုံကျေးရွာအနီးမှာ မတ် ၂၇ ရက် ညနေ ၆ နာရီလောက်က ခရီးသည်တင်ယာဉ်တစီးနဲ့ အိမ်စီးကားတစီး တိုက်မိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

အခင်းဖြစ်နေရာမှာရှိခဲ့တဲ့ ဒေသခံတဦးက “ခရီးသည်ကားက ဘရိတ်ပေါက်လာတာ၊ အရှိန်မထိန်းနိုင်ဘဲနဲ့ တဖက်ကလာတဲ့ ကားလေးကို ဝင်တိုက်မိတာ။ ကားလေးမောင်းတဲ့သူကတော့ ပွဲချင်းပြီးသေသွားတယ်” လို့ ပြောပါတယ်။

ရန်ကုန်မြို့ကနေ စစ်တွေမြို့ကို ပြေးဆွဲနေတဲ့ ရွှေရည်ဆုဝေ ခရီးသည်တင်ယာဉ်ဟာ ကျောက်တော်မြို့နယ်၊ ကွမ်းအုံကျေးရွာအနီး အရောက်မှာ ဘရိတ်ပေါက်ပြီး ယာဉ်မထိန်းနိုင်ဖြစ်ကာ ဆန့်ကျင်ဘက်လမ်းက မောင်းနှင်လာတဲ့ အိမ်စီးကားတစီးနဲ့ တိုက်မိခဲ့တာလို့ ဒေသခံက ပြောပါတယ်။

အိမ်စီးကားမောင်းနှင်လာတဲ့ ဦးစိုးလင်းအောင် (၂၆ နှစ်) ဟာ အခင်းဖြစ်နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားပါတယ်။

ခရီးသည်တင်ယာဉ်ပေါ်မှာ လိုက်ပါစီးနင်းလာတဲ့ ကျောင်းဆရာမ နှစ်ဦးကတော့ ဒဏ်ရာ(မစိုးရိမ်ရ) ရရှိတာကြောင့် နီးစပ်ရာ‌ဆေးရုံကို ပို့ဆောင်လိုက်ကြောင်းနဲ့ ခရီးသည်တင်ယာဉ်မောင်းကို ကျောက်တော်ရဲစခန်းမှာ အမှုဖွင့်ထားကြောင်း ရဲစခန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular