Thursday, June 8, 2023
HomeLead Storyအုတ်ဖိုမြို့နယ် တာဝါတိုင်ကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

အုတ်ဖိုမြို့နယ် တာဝါတိုင်ကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ဂမုန်းဆည်အနီးရှိ ဝိုင်းကျေးရွာအုပ်စု တာဝါတိုင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို မတ် ၂၆ ရက်  မနက် ၈ နာရီ ၁၅ မိနစ်မှာ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူး PDF တွေက ပြောပါတယ်။

ရွာသားတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး  ပြည်သူပိုင်ပစ္စည်းများကိုခိုးယူပြီး တာဝါတိုင်ရွာမှာ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ၅ နဲ့ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ၅၊ တပ်စု ၂ ပူးပေါင်းတပ်ဖွဲ့တွေက မြွေပွေးစစ်ကြောင်း၊ မြင်းပျံစစ်ကြောင်း နှစ်ခုခွဲပြီး  သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ  တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စက်သေနတ်၊ ၄၀ မမ၊ ၆၀ မမ တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်ကလည်း လက်နက်ကြီး၊ စက်သေနတ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ပဲခူးPDF တွေကဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း  စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက်လောက် သေဆုံးနိုင်တယ်လို့ မြေပြင်သတင်းတွေအရ သိရပေမဲ့  အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ 

တာဝါတိုင်ကျေးရွာမှာ မတ်လ ၂၄ ရက်ကလည်း  တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက် သေဆုံးကာ အများအပြားဒဏ်ရာရှိခဲ့သလို အထိနာနေတဲ့  စစ်ကောင်စီတပ်က တာဝါတိုင်ကျေးရွာ၊ ဝိုင်းကျေးရွာနဲ့ ချောင်းစောက်ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူသွားတယ်လို့ ဒေသခံက ပြောပါတယ်။

မတ်လ ၂၄ ရက်ကလည်း ဝိုင်းကျေးရွာသို့ စစ်ကား နှစ်စီးနဲ့ စစ်ကူအဖြစ် လာရောက်တပ်စွဲထားပြီး လက်နက်ကြီးနဲ့ နေ့ရောညပါပစ်ခတ်ခဲ့ကာ နောက်တနေ့မှာ တာဝါတိုင်ကျေးရွာသို့ ပြန်လည်ဆုတ်ခွာသွားခဲ့တာလို့  ပဲခူး  PDFတွေဆီက သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular