Home
မြန်မာသတင်း
ရေဖြူ အမြောက်တပ်နှင့်အစိုးရရုံးအချို့ကို PDF က လက်နက်ကြီးဖြင့် ၂ ရက်ဆက်ပစ်ခတ်၊ နတလရုံး မီးလောင်
DVB
·
March 26, 2023

တနင်္သာရီတိုင်း ရေဖြူမြို့နယ်ထဲက ၃၀၂ အမြောက်တပ်နဲ့ အစိုးရုံးတချို့ကို PDF ပူးပေါင်းအဖွဲ့တွေက မတ် ၂၄ ရက်နဲ့ ၂၅ ရက်တွေမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇီးကျရွာက ဆောက်လုပ်ဆဲ အဆောက်အအုံတခုနဲ့ ၃၀၂ အမြောက်တပ်ကို မတ် ၂၄ ရက် မနက်နဲ့ ညပိုင်းတွေမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး ၂၅ ရက် ညသန်းခေါင်ကျော်မှာ‌တော့ နတလရုံးနဲ့ မြို့မရဲစခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ PDF မဟာမိတ်အဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

ဇဟာရွာ နဲ့ ဇီးကျရွာကြုးက အမြှောက်တပ်နဲ့ စစ်ကောင်စီတပ်သားတွေ လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရပြီးနောက် အပြန်လှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဇဟာရွာက ခြံဝင်းတခုထဲကို လက်နက်ကြီး တလုံး ကျရောက်ပေါက်ကွဲခဲ့ကာ လူထိခိုက်တာမျိုး မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၂၅ ရက် ည ၁၂ နာရီကျော်မှာလည်း ရေဖြူမြို့ ထားဝယ်မြစ်အနောက်ဘက်ကမ်းမှာရှိတဲ့ ရပ်ကွက်တွေမှာ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားရပြီး နတလရုံး မီးလောင်သွားတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ထိခိုက်မှုအခြေအနေကိုတော့ အတည် မပြုနိုင်သေးဘူးလို့ သိရပါတယ်။ 

လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်သံတွေ ကြားရပြီးနောက် ရေဖြူမြို့ “ခ” ရပ်ကွက် နေအိမ်တလုံးကို လက်နက်ကြီး ကျပြီး အသက် ၈၀ ကျော် အမျိုးသမီးကြီး တယောက် ထိမှန်ကာ ထားဝယ်ဆေးရုံကြီးမှာ ဆေးကုသနေရတယ်လို့ အဲဒီရပ်ကွက်နေသူတွေက ပြောပါတယ်။

ရေဖြူမြို့မှာ မတ် ၂၅ ရက်က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရော ပြည်သူကာကွယ်ရေးတပ်တွေဘက်ကပါ ဒီနေ့အထိ တစုံတရာထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

စစ်အာဏာသိမ်းပြီးနောက် ရေဖြူမြို့ပေါ်မှာ ဌာနဆိုင်ရာရုံးတွေ ပေါက်ကွဲမှု ၆ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး စရဖရုံး လဝကရုံး နဲ့ နတလရုံး ၃ ရုံးကတော့ မီးလောင်ပျက်စီးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024