DVB Logo
Home
Lead Story
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံတွင် ကျဆုံးသွားသည့် တရုတ်စစ်သားအရိုးအိုးတွေ ဂူသွင်း မြှုပ်နှံ
DVB
·
June 13, 2014
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံတွင် ကျဆုံးသွားသည့်  တရုတ်စစ်သားအရိုးအိုးတွေ ဂူသွင်း မြှုပ်နှံ
Donate to DVB

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ ကျဆုံးသွားတဲ့ တရုတ်စစ်သားအရိုးအိုးတွေကို မြန် တရုတ်နိုင်ငံ ယူနန်အမျိုးသားသင်္ချိုင်းမှာ ဂူသွင်း မြှုပ်နှံလိုက်ပါတယ်။

China Armyဒုတိယကမ္ဘာစစ်တုန်းက မြန်မာနိုင်ငံမှာ ကျဆုံးသွားပြီး မြန်မာနိုင်ငံကနေ ပြန်လည် ယူဆောင်လာတဲ့ တရုတ်စစ်သား အရိုးပြာအိုး ၂၂ အိုးကို ဇွန်လ ၁၂ ရက်နေ့က တရုတ်နိုင်ငံ အနောက်တောင်ဒေသ ယူနန်ပြည်နယ် အမျိုးသားသချိုင်းမှာ မြှုပ်နှံလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို စေလွှတ်တဲ့ တရုတ်စစ်သားတွေ အမြောက်အများဟာ ရှေ့တန်း စစ်မြေပြင်တွေမှာ ၁၉၄၂ ကနေ ၁၉၄၅ ခုနှစ်အတွင်း ဂျပန်စစ်သားတွေနဲ့ တိုက်ခိုက်ရင်း ကျဆုံးခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဇွန် ၁၂ ရက်နေ့ မနက်မှာ ဒေသခံတွေနဲ့ အစိုးရကိုယ်စားလှယ်တွေက လမ်းလျှောက်ပြီး ဒုတိယကမ္ဘာစစ်မှာ သေဆုံးသွားတဲ့ တရုတ်စစ်သားတွေအတွက် ချီးကျူး ဂုဏ်ပြုခဲ့ကြပါတယ်။

ဗန်းမော်နဲ့ နမ်းခမ်းမြို့တွေကနေ ပြန်လည်ပို့ဆောင်လာခဲ့တဲ့ အရိုးပြာအိုးတွေကို ပြီးခဲ့တဲ့ မေ ၁၈ ရက်နေ့က ရွှေလီ နဲ့ ယူနန် မြို့တွေမှာ တပြိုင်တည်း မြှုပ်နှံခဲ့ပါတယ်။

၁၉၄၂ မတ်လမှာ ဂျပန်ကို တိုက်ဖို့ မြန်မာစစ်မျက်နှာကို လာတဲ့ ဗိုလ်ချုပ်ကြီး စတီးဝဲလ် ဦးဆောင်တဲ့ မဟာမိတ်စစ်ကြောင်းအောက်မှာ တရုတ် တပ်မ ၂ ခု ပါဝင်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013