DVB Logo
Home
Lead Story
ဟန်းဆက်တွေ တရားဝင်တင်သွင်းဖို့ တိုက်တွန်း
DVB
·
June 13, 2014
ဟန်းဆက်တွေ တရားဝင်တင်သွင်းဖို့ တိုက်တွန်း
Donate to DVB

cell-phone-မြန်မာ့ဆက်သွယ်ရေးကနေ မိုဘိုင်းဖုန်းဆင်းကဒ်တွေ ထုတ်ရောင်းတာ ၇ သန်းဝန်းကျင် ရောက်ရှိလာပေမယ့် တရားဝင် အခွန်ဆောင်ပြီး ဟန်းဆက်တင်သွင်းမှုဟာ အရည်အတွက် ၁ သိန်းတောင် မရှိတဲ့အတွက် တရားဝင်တင်သွင်းမှု ဖြစ်လာအောင် ဆောင်ရွက်ကြဖို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က တိုက်တွန်းလိုက်ပါတယ်။

ဇွန် ၁၂ ရက်နေ့က နေပြည်တော် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး အစည်းအဝေး ခန်းမမှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲအတွင်း ပြည်ထောင်စုဝန်ကြီးက တရားမ၀င်ကုန်သွယ်မှု ထိန်းချုပ်ရေးအဖွဲ့ တာဝန်ရှိသူအနေနဲ့ ခုလို ပြောလိုက်တာပါ။

လက်ရှိ ရန်ကုန်နဲ့ အနယ်နယ်အရပ်ရပ်က ဆိုင်တွေပေါ်မှာ ရောင်းချနေတဲ့ မိုဘိုင်းဖုန်း ဟန်းဆက် အားလုံးလိုလိုလောက်ဟာ အခွန်မဆောင်ပဲ တရားမ၀င် တင်သွင်းလာတာတွေ ဖြစ်ပါတယ်။

သိပ်မကြာသေးခင်က လေဆိပ် အကောက်ခွန်ဌာနဟာ တရားမ၀င် တင်သွင်းလာတဲ့ မိုဘိုင်းဖုန်းဟန်းဆက်တွေ အမြောက်အများ ဖမ်းဆီးရမိတာ ရှိခဲ့ပေမယ့် တခြားနည်းနဲ့ မှောင်ခို သွင်းတာတွေလည်း ရှိနေသေးကြောင်း ရန်ကုန် မိုဘိုင်းတင်းမ်တာဝန်ရှိသူတယောက်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013