အစိုးရ လုပ်ဆောင်ချက်ကို မကျေနပ်လို့ ဖိလစ်ပိုင်ပြည်သူများ ဆန္ဒပြ

၁၁၆ ကြိမ်မြောက် ဖိလစ်ပိုင်နိုင်ငံ လွတ်လပ်ရေးနေ့မှာ မနီလာမြို့တော်ရဲ့လမ်းတွေပေါ်မှာ ဖိလစ်ပိုင်ပြည်သူတွေ ဆန္ဒပြနေပါတယ်။ အစိုးရ ရန်ပုံငွေတွေကို လွှတ်တော်အမတ်တွေက အလွဲသုံးစားလုပ်တယ်ဆိုတဲ့ ၀က်စည်ပိုင်းလို့ ခေါ်တဲ့ ကျော်မကောင်း ကြားမကောင်း ဖြစ်ခဲ့တဲ့အမှုကို ကိုင်တွယ်ရာမှာ အစိုးရရဲ့ လုပ်ဆောင်ချက်ကို မကျေနပ်လို့ အခုလို ရှုတ်ချ ဆန္ဒပြတာ ဖြစ်ပါတယ်။ Philipine၂၀၁၃ ခုနှစ်က သြဇာကြီးတဲ့ လွှတ်တော်အမတ်တွေနဲ့အတူ အစိုးရရဲ့ ဖွံ့ဖြိုးရေး ရန်ပုံငွေတွေကို အကြီးအကျယ် ခိုးယူတယ်လို့ စွပ်စွဲခံရအပြီး ကြွယ်ဝတဲ့စီးပွားရေးသမား မစ္စစ် ဂျဲနက်လင်မ် နပိုလီရဲ့ အဖမ်းခံရမှုအပြီးမှာ ပေါ်ပေါက်ခဲ့တာပါ။ ၁၀ လ ကြာခဲ့ပေမယ့် နိုင်ငံရေးအတိုက်အခံထဲက ထိပ်တန်းခေါင်းဆောင် ၃ ယောက်ကိုသာ ဖိလစ်ပိုင်ရဲ့ အဂတိလိုက်စားမှုဆိုင်ရာ အမြင့်ဆုံးဥပဒေတွေထဲက အဓမ္မ ယူငင်မှုနဲ့ တရားစီရင်ခဲ့ပါတယ်။ အစိုးရရဲ့ နှေးကွေးတဲ့ အပြစ်ပေးမှုကို ဒေသခံတွေက ဒေါသထွက်ခဲ့ပါတယ်။ နိုင်ငံတော်ကို ကယ်တင်ရေးလှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် အန်တိုနီယို ဗာလဲ့စ်ကတော့ အစိုးရက နှေးနေတာ မဟုတ်ဘဲ လူတွေ ဆန္ဒပြရ စိတ်ပျက်လာအောင် တမင်လုပ်နေတာလို့ စွပ်စွဲ ပြောဆိုပါတယ်။ ဒီအမှုထဲမှာ ပါဝင်ပတ်သက်နေတဲ့ စိုက်ပျိုးရေးဝန်ကြီးနဲ့ ရသုံးငွေစာရင်းဝန်ကြီးတို့ဟာ လက်ရှိသမ္မတ ဘန်နစ်နိုအကွီနိုကို ရင်းနှီးတဲ့သူငယ်ချင်းတွေလို့ သဘောထားကြလို့ ဆန္ဒပြသူအများအပြားက သမ္မတကိုလည်း ဒေါသထွက်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up