Sunday, June 11, 2023
HomeLead Storyကြည့်မြင်တိုင် ငှက်ပျောဈေးကမ်းစပ်တွင် ပိုင်ရှင်မဲ့ အလောင်း တွေ့ရှိ

ကြည့်မြင်တိုင် ငှက်ပျောဈေးကမ်းစပ်တွင် ပိုင်ရှင်မဲ့ အလောင်း တွေ့ရှိ

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းနဲ့ ဗားကရာလမ်းထောင့်၊ ငှက်ပျောဈေးနားက ရန်ကုန်မြစ်ကမ်းစပ်မှာ မတ် ၂၅ ရက် နေ့လယ်က အမျိုးသားအလောင်းတလောင်းကို ဆေးရုံ ပို့ဆောင်ပေးခဲ့တယ်လို့ မြို့ခံလူမှုကူညီရေးအသင်းဆီက သိရပါတယ်။

ကမ်းစပ်တင်နေတဲ့ ခန့်မှန်းအသက် ၃၀ အရွယ် ရုပ်အလောင်းကို ငှက်ပျောဈေးလာသူတွေက မနက် ၁၁ ခွဲခန့်မှာ တွေ့ရှိခဲ့တာကြောင့် သက်ဆိုင်ရာနဲ့လူမှုကယ်ဆယ်ရေးအသင်းတွေက ရှာဖွေစစ်ဆေးခဲ့ရာမှ ပြင်ပဒဏ်ရာ   မတွေ့ရှိဘဲ ရေနစ်သေဆုံးတဲ့ ပုံစံဖြစ်နေတာလို့ သိရပါတယ်။ 

မြို့ခံလူမှုကူညီရေးအသင်းဝင် တဦးက “ငှက်ပျောဈေးမှာပေါ့၊ကမ်းစပ်မှာ အမျိုးသားတလောင်း  သေဆုံးနေကြောင်းကို သက်ဆိုင်ရာက အကြောင်းကြားတော့ သွားကောက်ပေးတာပါ၊ ဆေးရုံကြီး ပို့ပြီးပါပြီ” လို့ ဆိုပါတယ်။ 

သေဆုံးသူအကြောင်း စုံစမ်းနေဆဲဖြစ်တာကြောင့် မိသားစုဝင်တွေနဲ့ အဆက်အသွယ် မရ သေးဘူးလို့သိရပါတယ်။ မတ် ၂၄ ရက်အထိ ရန်ကုန်မြစ်ထဲ ရေနစ်သေဆုံးသူ ၅ ဦးရှိနေပြီး အသက် ၁၀ နှစ်အရွယ် ကလေး ၂ ဦး၊ ကျား ၂ ဦးနဲ့ မ ၁ ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular