Sunday, June 11, 2023
HomeLead Storyပခုက္ကူ အထည်ချုပ်အလုပ်သမ ၂ ဦး စစ်ကောင်စီတပ်သားများ၏ အဓမ္မပြုကျင့်ခံရပြီး ဆွဲကြိုးချ သတ်သေ

ပခုက္ကူ အထည်ချုပ်အလုပ်သမ ၂ ဦး စစ်ကောင်စီတပ်သားများ၏ အဓမ္မပြုကျင့်ခံရပြီး ဆွဲကြိုးချ သတ်သေ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ မတ်လ ၂၃ ရက် ညနေပိုင်းက အထည်ချုပ်စက်ရုံဝန်ထမ်းအမျိုးသမီး၂ ယောက်ဟာ  စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံခဲ့ရလို့   ဆွဲကြိုးချအဆုံးစီရင်သွားတယ်လို့  ဒေသခံတွေဆီကနေ သိရပါတယ်။

ပခုက္ကူ အမှတ် (၁၁) အထည်ချုပ် စက်ရုံက ဝန်ထမ်း အမျိုးသမီး ၂ ယောက်ကို ကိုင်းကျေးရွာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်မှာ မတ်လ ၂၃ ရက် ညနေ ၃ နာရီလောက်မှာ အလုပ်က ပြန်လာတဲ့အချိန် ကပ်ကြေးပါလာတယ်လို့ စွပ်စွဲဖမ်းဆီးပြီး စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက ဖမ်းဆီးပြီး အဓ္ဓမပြုကျင့်ခဲ့ကြတာလို့ မန်ကျည်းစုကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။

အဲဒီအမျိုးသမီး ၂ ယောက်ဟာ အသက် ၂၁ နှစ်အရွယ်  မန်ကျည်းစုကျေးရွာသူတွေဖြစ်ပြီး  တယောက်က ကပ်ကြေးတလက်ပါလာလို့ လက်ထိပ်ခတ်ပြီး နောက်တယောက်ကို လက်ပြန်ကြိုးတုပ်ကာ သူတို့စခန်းကို ခေါ်သွားပြီး စစ်သားနဲ့ ပျူစောထီး ၉ ယောက်လောက် ဝိုင်းပြီး အဓမ္မပြုကျင့်ခဲ့ကြတာလို့ ဆိုပါတယ်။

အဲဒီ အမျိုးသမီး ၂ ယောက်ဟာ သူတို့ အဓမ္မပြုကျင့်ခံခဲ့ရတာကို သူငယ်ချင်း တယောက်ကို ဖွင့်ပြောခဲ့ပြီး ၂ ယောက်စလုံး ဆွဲကြိုးကျသတ်သေခဲ့ကြတာလို့  ဆိုပါတယ်။

သေဆုံးသွားတဲ့  အမျိုးသမီး ၂ ယောက်ကိုတော့ ဒေသခံပြည်သူတွေစုပေါင်းပြီး မတ်လ ၂၃ ရက်နေ့ ညပိုင်းမှာ သင်္ဂြိုဟ်ပေးခဲ့ကြပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဘက်ကိုတော့ ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိပါဘူး။ 

အဲဒီကိုင်းကျေးရွာမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး အင်အား ၃၀ နီးပါး တပ်စွဲထားပြီး ခရီးသွားပြည်သူတွေကို ပိတ်ဆို့စစ်ဆေးကာ မတရားဖမ်းဆီးတာ၊ ငွေညှစ်တာတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular