A d v e r t i s e m e n t With Us

ကမ္ဘာ့ဖလားဘောလုံးပွဲ သုံးသပ်ချက် (စပိန် – နယ်သာလန်)

ဘရာဇီးနိုင်ငံမှာတော့ ကမ္ဘာ့ဖလားဘောလုံးပွဲတွေ စတင်နေပါပြီ။ ဇွန် ၁၂ ရက် ပွဲဦးထွက် ပွဲစဉ်မှာတော့ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ ဘရာဇီးအသင်းဟာ ပြိုင်ဘက် ခရိုအေးရှား အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ချန်ပီယံခြေစွမ်း မပြသေးဘူးလို့ ပြောရမှာပါ။ Match Spain and Netherlandsဘရာဇီးဘောလုံးသမားတွေရဲ့ တဦးချင်းစွမ်းရည်ကြောင့်သာ ဘရာဇီး အနိုင်ရခဲ့တာလို့ သုံးသပ်လို့ ရပါတယ်။ နောက်ပွဲတွေမှာ အသင်းရဲ့ စုစည်းညီညွတ်မှု ပိုကောင်းလာရင်တော့ ဘရာဇီး ချန်ပီယံဖြစ်ဖို့ ရှိပါတယ်။ မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်း ဦးမျိုးလှိုင်ဝင်းကလည်း ဘရာဇီးအသင်းရဲ့ ကစားပုံကို အားမရသေးတဲ့အကြောင်း အခုလို ပြောပါတယ်။ “ဘရာဇီးအသင်းက ကစားပုံက သိပ်အကောင်းကြီးတော့ မဟုတ်ဘူးပေါ့နော်။ သူတို့ အရင် ကစားနေကြ စတိုင်ကလေးပျောက်နေတယ်။ ဘော်လုံး ပိုင်ဆိုင်မှု အားနည်းတယ်။ ပထမဆုံး ပွဲလည်း ဖြစ်တာကြောင့်လည်း ပါရင် ပါမှာပေါ့။ မနက်ကလို ခြေစွမ်းမျိုး ဒီလိုပဲ ဆက်ရှိမယ်ဆိုရင် ဘရာဇီး အိပ်မက်မက်ထားတဲ့ ချန်ပီယံ ကတော့ ကျနော်ကတော့ သိပ်တော့ မမျှော်မှန်းရဲဘူးပေါ့။ ဒါပေမယ့် ဘောလုံးဆိုတာ ပြောမရဘူးပေါ့။” ဇွန် ၁၃ ရက်နေ့ ညနဲ့ ၁၄ ရက်နေ့ မနက်ပိုင်းတွေမှာတော့ ကမ္ဘာ့ဖလားဘောလုံးပွဲ ၃ ပွဲ ကစားဖို့ ရှိပါတယ်။ အုပ်စု (က) က မက္ကဆီကိုနဲ့ ကင်မရွန်းတို့က မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲ၊ မနက် ၁ နာရီခွဲမှာတော့ စပိန်နဲ့ နယ်သာလန်၊ မနက် ၄ နာရီခွဲမှာ ချီလီနဲ့ သြစတြေးလျအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ကစားဖို့ရှိတဲ့ ၃ ပွဲထဲ လက်ရှိချန်ပီယံ စပိန်နဲ့ နယ်သာလန်ပွဲကို သုံးသပ်တင်ဆက်လို ပါတယ်။ ဒီနှစ်သင်း ပြီးခဲ့တဲ့ ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားတုန်းက ဗိုလ်လုပွဲမှာ တွေ့ခဲ့ကြပြီး စပိန်က ၁ ဂိုး အသာနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။ အခုနှစ် ကမ္ဘာ့ဖလားမှာလည်း ဒီနှစ်သင်းမှာ ၂၀၁၀ ကမ္ဘာ့ဖလားတုန်းက ကစားခဲ့ကြတဲ့ ထိပ်တန်းဘောလုံးသမား အတော်များများ ပါဝင်လာကြတာ တွေ့ရပါတယ်။ ဒီတကြိမ် အုပ်စုပွဲ ပထမဆုံး ရင်ဆိုင်တွေ့မှာ ဘယ်အသင်းက နှာတဖျားအသာနဲ့ အနိုင်ရနိုင်မလဲ။ ရန်ကုန်အခြေစိုက် အားကစားဂျာနယ်အယ်ဒီတာ ဦးစိုးညီကတော့ နယ်သာလန် နိုင်နိုင်တယ်လို့ သုံးသပ်ပါတယ်။ “စပိန်နဲ့ နယ်သာလန် တွေ့ဆုံမှု အပြင် ရှုံးထွက်အဆင့်မှာ အိမ်ရှင် ဘရာဇီးနဲ့ မတွေ့ရအောင် အုပ်စုပထမ ရဖို့အတွက် အရေးကြီးတဲ့ ပွဲစဉ်လည်း ဖြစ်တယ်လို့ ကျနော်မြင်တယ်။ တကယ်လို့ ဒီအုပ်စုမှာ ဒုတိယ ရသွားရင် အုပ်စု အေ ကနေ ပထမနဲ့ တက်လာမယ့် ဘရာဇီးနဲ့ စောစောစီးစီး သွားတွေ့မယ်။ ဒီလိုအဆင့်မျိုးမှာ ဘယ်အသင်းပဲဖြစ်ဖြစ် အိမ်ရှင်နဲ့ တွေ့ချင်မှာ မဟုတ်ဘူး။ အိမ်ရှင်လည်း ဖြစ်တယ်၊ ဘရာဇီးအသင်းလည်း ဖြစ်နေတယ်။ အဲဒီတော့ ဒီ ၂ သင်းလုံးက ဖွင့်ပွဲမှာ သေသေချာချာ ဂရုစိုက်ပြီး ကစားကြမယ် ထင်တယ်။ ကစားသမားပိုင်းကို ပြောရင် စပိန်နဲ့ နယ်သာလန်က မကြာခဏ ဆုံတယ်။ နောက်ဆုံး ၂၀၁၀ ကမ္ဘာ့ဖလားမှာ ဖိုင်နယ်မှာ ဆုံတယ်။ နယ်သာလန်နဲ့ စပိန်နဲ့ အဲဒီတုန်းက ကျနော့်အမြင်က ခြေမသာဘူး။ နယ်သာလန်က စပိန်ကို နိုင်နိုင်မယ့် အခွင့်အရေးမျိုးတွေ ဂိုးရနိုင်မယ့် အခွင့်အရေးမျိုးတွေ ရခဲ့တယ်။ ဒါပေမယ့် ကံပေါ့နော် ဂိုးလာဘ်နည်းနည်း နည်းတယ်။ အဲဒါကြောင့် စပိန် ၁ -၀ နဲ့ နိုင်သွားတယ်လို့ ထင်တယ်။ ၄ နှစ်ကြာ သွားပေမယ့်လည်း ၂ သင်းလုံးမှာ အဓိက ကစားသမားတွေ အပြောင်းအလဲ မရှိဘူး။ လွန်ခဲ့တဲ့ ၄ နှစ်က အဓိက ကစားသမားတွေကိုပဲ ၂ သင်းလုံးက ဆက်ပြီးတော့ အမာခံ ထားတာကို တွေ့ရတယ်။ ဒါပေမယ့် ခြေစွမ်းပိုင်းဆိုရင်တော့ စပိန်ရဲ့ကစားပုံ၊ စပိန်ရဲ့ ကစားကွက် တွေက အရင်လွန်ခဲ့တဲ့ ၄ နှစ်က အနေအထားမျိုးကို မမှီတော့ဘူးလို့ ထင်တယ်။ မမှီတော့ဘူးလို့ ထင်တဲ့နေရာမှာ သူတို့ဆီမှာရှိတဲ့ ကစားသမားတွေရဲ့ အသက်အရွယ်အရ ခြေစွမ်းပိုင်း ကျလာတာမျိုးတွေ နည်းနည်းရှိတယ်။ နောက်ပြီး သူတို့ရဲ့ ကစားဟန်ကို ပြိုင်ဘက်တွေက သုံးသပ်လာနိုင်တယ်။ ချိတ်ဆက်လာနိုင်တယ်။ အဲဒါမျိုးလေးတွေ နည်းနည်း ရှိလာတာတွေ့ရတယ်။ အဲဒီတော့ ဒီတပွဲ တွေ့ကြုံမှုမှာ ကျနော့်အမြင်ကတော့ သရေကျသွားဖို့တော့ များတယ်။ နိုင်မယ်ဆိုရင်တော့ ကျနော် နယ်သာလန်ကို ပိုကြိုက်မိတယ်။” စပိန်က အင်ဒီယေစတာနဲ့ တောရက်စ်တို့ နယ်သာလန်က ရော်ဘင်နဲ့ ဗန်ပါစီတို့ ဒီတကြိမ် ဘယ်သူတွေ ခြေစွမ်းပြ ဂိုးသွင်းနိုင်မလဲဆိုတာ စောင့်ကြည့်ကြရအောင်ပါ။

A d v e r t i s e m e n t With Us

More News
Up