Sunday, June 11, 2023
HomeLead Storyလားရှိုးတွင် CDM ဝန်ထမ်း ၂ ဦး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရ

လားရှိုးတွင် CDM ဝန်ထမ်း ၂ ဦး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရ

ရှမ်းပြည်နယ်​​​မြောက်ပိုင်း၊ လားရှိုးမြို့က ကျန်းမာရေးဌာနက သူနာပြု CDM ဝန်ထမ်း ၁ ဦးနဲ့ ပညာရေးဌာနက ကျောင်းဆရာ CDM ဝန်ထမ်း ၁ ဦးတို့ကို စစ်ကောင်စီလက်အောက်ခံ တရားရုံးကနေ မတ်လ ၂၃ ရက်မှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ နှစ်စီချမှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လားရှိုးမြို့နယ်တရားရုံးကနေ သူနာပြုဆရာမ မခင်ငြိမ်းချမ်းနဲ့ အလယ်တန်းပြဆရာ ဦးသန်းတိုးအောင်တို့ကို အလုပ်ကြမ်းနဲ့ ထောင် ၂ နှစ်စီချလိုက်တာလို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အဲ့ဒီ CDM ၂ ဦးက ဖေဖော်ဝါရီ  ၂၅ ရက်နေ့က ဖမ်းဆီးခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ဒုရဲအုပ်သူရထွန်းက တရားလိုပြုလုပ်ကာ ပုဒ်မ- ၅၀၅ (က)နဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

လားရှိုးအကျဥ်းထောင်မှာ စစ်တပ်အာဏာသိမ်းမှုကိုနည်းပေါင်းစုံနဲ့ ဆန့်ကျင်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလအတွင်း ဖမ်းဆီးခံထားရသူ အမျိုးသားဦးရေ ၁၀၀ ကျော်နဲ့ အမျိုးသမီးဦးရေ  ၅၃ ဦးရှိကြောင်း ထောင်းတွင်းသတင်းရင်းမြစ်တွေကနေ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular